ဖက်ဒရယ်အရေး မတူတဲ့ သဘောထားတွေ ဆွေးနွေး

  • 14 ဇန်နဝါရီ 2016
_peace_conference_
Image caption မြန်မာ နိုင်ငံနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ် စနစ်မျိုး ထူထောင် နိုင်ဖို့ ဆက်လက် ဆွေးနွေးသွားမယ်

ဖက်ဒရယ် ပြည်ထောင်စု ဘယ်လို တည်ဆောက် ကြမလဲ ဆိုတာ နဲ့ ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အတွင်း သက်ဆိုင်ရာ အစုအဖွဲ့တွေ အလိုက် မတူတဲ့ သဘောထား အမြင် တွေ ရှိနေ ကြပါတယ်။

ကိုယ်ပိုင် အုပ်ချုပ်ခွင့် ကို ပိုပြီးလိုလားတဲ့ အုပ်စုတွေ၊ အာဏာ ခွဲဝေမှု အပေါ် ပို တိမ်းညွတ် ကြသူတွေ စသဖြင့် ဖက်ဒရယ် အပေါ် အဓိပ္ပာယ် ဖွင့်ဆို ရာမှာ မတူတဲ့ အမြင် တွေ ရှိနေကြတယ် လို့ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့ ရဲ့ သဘာပတိ ဖြစ်သူ ဖဒို စောကွယ်ထူးဝင်း က ပြောပါတယ်။

လက်ရှိ အချိန်မှာ မတူတဲ့ သဘောထား အမြင်တွေကို ဆွေးနွေး ဖလှယ် နေကြတာ ဖြစ်ပြီး အတည်ပြုချက် တစုံတရာ ထွက်ပေါ် လာအောင် ပြုလုပ် နေတာ မဟုတ်သေး ဘူးလို့လည်း ဖဒို ကွယ်ထူးဝင်း က ဆိုပါတယ်။

ပအိုဝ်း၊ တအာင်း ပလောင်နဲ့ ရှမ်းနီ တို့လို သီးသန့်ပြည်နယ် အလိုရှိနေတဲ့ လူမျိုးစု တွေ ရှိနေကြ သလို၊ ဗမာ အတွက်ပါ ပြည်နယ် တစ်ခု သတ်မှတ်ပြီး ၈ ပြည်နယ်မူ အကြောင်း ပြောသူ တွေ လည်း ရှိတယ် ဆိုပြီး အဲဒီ့ မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

နိုင်ငံရေး ဆွေးနွေးပွဲ မှာ ဖက်ဒရယ် အရေးဟာ အတားအဆီး အနှောင့်ယှက် ဖြစ်လာ ဖို့ရာ တော့ သူ့ အနေနဲ့ မမြင်ဘူး ဆိုပြီး ဖဒို ကွယ်ထူးဝင်း က ပြောသလို၊ မြန်မာ နိုင်ငံနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ် စနစ်မျိုး ထူထောင် နိုင်ဖို့ ဆက်လက် ဆွေးနွေးသွားမယ် လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ