မန္တလေးမှာ ယူရေနီယံလို့ ယူဆရတဲ့ သတ္တု ဖမ်းမိ

  • 14 ဇန်နဝါရီ 2016
Image caption ဘယ်လမ်းကြောင်းကနေ သယ်ဆောင်လာတယ် ဆိုတာ စစ်ဆေးလျှက် ရှိ

ဇန်နဝါရီလ ၁၂ ရက်နေ့က ယူရေနီယံ လို့ ယူဆ ရတဲ့ သတ္တုမှုန့် ၂ ကီလို လောက်ကို မန္တလေး က ဟိုတယ် တစ်ခုမှာ ဖမ်းဆီး ရမိ ခဲ့ကြောင်း မန္တလေး ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စိန်ထွန်း က ဘီဘီစီ ကိုပြောပါတယ်။

အိန္ဒိယ နိုင်ငံ ဘက်ကနေ မန္တလေး ဘက်ကို ရောက်လာတာ ဖြစ်ပြီး မြန်မာ့ သတ္တုတွင်း ဥပဒေ ပုဒ်မ ၃၁ နဲ့ အရေးယူဖို့ ဆောင်ရွက် နေကြောင်း သိရှိရပါတယ်။

ဖမ်းဆီးရမိ ခဲ့သူ တွေက ဟရန် ထန်ဇာမား၊ ဇာလျန်ထန်၊ ခွန်ဇာထန် ဆိုတဲ့ ချင်း အမျိုးသား ၃ ဦး ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ယူရေနီယံ သတ္တု ဟုတ် မဟုတ်ကို စစ်ဆေး ဆောင်ရွက် နေဆဲ ဖြစ်ကြောင်း မန္တလေး ခရိုင် ရဲတပ်ဖွဲ့ ရဲမှူးကြီး က ပြောကြား ပါတယ်။

ယူရေနီယံ ဆိုတာက အနုမြူဗုံး ထုတ်လုပ်တဲ့ နေရာမှာ ထည့်သွင်း တဲ့ သတ္တု တစ်မျိုး ဖြစ်ပါတယ်။

မူးယစ် အထူး အဖွဲ့က ချင်း အမျိုးသား ၃ ဦး ကို ဖမ်းဆီး ရမိခဲ့တာ ဖြစ်ပြီး ဘယ်လမ်းကြောင်းကနေ သယ်ဆောင်လာတယ် ဆိုတာ စစ်ဆေးလျှက် ရှိတယ်လို့ ဆိုပါတယ်။

မန္တလေး မြို့မှာ အိန္ဒိယ ကနေ ယူဆောင်လာတဲ့ ယူရေနီယံ တွေကို သိန်းခြောက်ထောင်နဲ့ ရောင်းချဖို့ကြိုးပမ်းနေစဉ် ဖမ်းဆီး ရမိတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ