သဘာဝထိခိုက်မှု ဘယ်လောက်ရှိလဲ စီးပွားရေး လုပ်ငန်းတွေ စမ်းစစ်ပြီး အစီရင်ခံ ရမယ်

_myanmar_jade ဓာတ်ပုံ မူပိုင် AP
Image caption ဒီ လုပ်ငန်းစဉ် ကို လိုက်နာ ရမယ့် စီးပွားရေး အမျိုး အစား တွေ ထဲမှာ ရေနံ သဘာဝ ဓာတ်ငွေ့ နဲ့ သတ္တုတူးဖော် တာ၊ သစ်ခုတ် တာ ကစလို့၊ ကုန်ထုတ် လုပ်ငန်း တွေ၊ မွေးမြူရေး လုပ်ငန်း တွေ လည်း ပါဝင် နေပါတယ်။

စီးပွားရေး လုပ်ငန်း အမျိုးစား ပေါင်း ၁၄၀ ကျော် အပေါ် သက်ရောက် စေတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ စံညွှန်းစံကိန်း တွေ ကို အစိုးရ က သတ်မှတ် ကြေညာ လိုက် ပါတယ်။

ကိုယ်လုပ်ဆောင်မယ့် စီးပွားရေး လုပ်ငန်း ဟာ ပတ်ဝန်းကျင် အပေါ်မှာ ဘယ်လောက် ထိခိုက် နိုင်မလဲ ဆိုတာကို အခု ထုတ်ပြန် ထားတဲ့ သတ်မှတ် လမ်းညွှန် ချက်တွေ အရ လုပ်ငန်း မစတင်ခင် အရင် ဆန်းစစ် ရမှာ ဖြစ်ပြီး သက်ဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ သစ်တောရေးရာ ဝန်ကြီးဌာန ကို တင်ပြ ရမှာ ဖြစ်ပါတယ်။

ဒီ လုပ်ငန်းစဉ် ကို လိုက်နာ ရမယ့် စီးပွားရေး အမျိုး အစား တွေ ထဲမှာ ရေနံ သဘာဝ ဓာတ်ငွေ့ နဲ့ သတ္တုတူးဖော် တာ၊ သစ်ခုတ် တာ ကစလို့၊ ကုန်ထုတ် လုပ်ငန်း တွေ၊ မွေးမြူရေး လုပ်ငန်း တွေ လည်း ပါဝင် နေပါတယ်။

ပတ်ဝန်းကျင် အပေါ် သက်ရောက်မယ့် အတိုင်းအတာ ကို အစိုးရ ဝန်ကြီး ဌာန က ကျေနပ် လက်ခံ မှသာ လုပ်ငန်း လိုင်စင် ရမှာ ဖြစ်ပါတယ်။

ပျက်ကွက် ဒဏ်ကြေး အနေနဲ့ ဒေါ်လာ ၅ ထောင် ကနေ ၁ သောင်းကြား သတ်မှတ် ထား သလို၊ စမ်းစစ်မှု အစီရင် ခံစာ ကို သတ်မှတ် ရက် အတိုင်း မတင် နိုင်ရင် တစ်ရက် ခြင်း အလိုက် ပေးဆောင် ရမယ့် ရက်လွန် ကြေး တွေ အပြင် နောက်ဆုံး လုပ်ငန်း ပိတ်သိမ်း တဲ့ အထိ လည်း အရေးယူ ခံရ နိုင်တယ် ဆိုပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးနေအေးက ဘီဘီစီ ကို ပြောပါတယ်။

ခွင့်ပြုထားပြီးသား လုပ်ငန်းတွေထဲက ပတ်ဝန်းကျင် ထိခိုက်မှု ရှိလို့ ဆိုပြီး ဝန်ကြီးဌာန ကို တိုင်ကြားမှုပေါင်း (၇၁)မှုရှိပြီး ဒါတွေကို စိစစ် ဆောင်ရွက် နေတယ်လို့ ဦးနေအေးက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ