ဘာကီနာဖာဆို တိုက်ခိုက်မှု နိုင်ငံခြားသားအများစု သေဆုံး

  • 16 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption စစ်ဆင်ရေးမှာ ပြင်သစ်စစ်သားတွေလဲ ပါဝင်ခဲ့ပါတယ်

သစဘူကီနာဖာဆိုနိုင်ငံမြို့တော် အိုဂါဒူးကူးက ဟိုတယ်တစ်ခုတိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့သူအများစုဟာ နိုင်ငံခြားသားတွေဖြစ်ကြပါတယ်။

အယ်လ်ကေးဒါးအစွန်းရောက်အဖွဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၃ ယောက် သေဆုံးခဲ့ပြီး သေဆုံးသူအများစုဟာ နိုင်ငံ ၁၈နိုင်ငံက နိုင်ငံခြားသားတွေဖြစ်ပါတယ်။

ဘာကီနာဖာဆို သမ္မတ ရို့ခ်မက်ခရစ်စတီယန်ကာဘိုယီ က တိုက်ခိုက်ခံရမှုတွေ နဲ့ ပါတ်သက်လို့ ဘာကီနာဖာဆို အနေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် အလျော့ပေးသွားမှာ မဟုတ်ပါဘူး။ ပြီးတော့ ကျနော်တို့နိုင်ငံ ရဲ့အိမ်နီးခြင်းနိုင်ငံတွေအနေနဲ့ အကြမ်းဖက် သမားတွေရဲ့ သတင်းအချက်အလက်တွေကို ဝေမျှ ကြဖို့ တောင်းဆိုပါတယ်လို့ လည်းပြောကြား ခဲ့ပါတယ်။

ဟိုတယ်ကို တိုက်ခိုက်ခဲ့ကြတဲ့ အစ္စလာမ်မစ်အစွန်းရောက်တိုက်ခိုက်ရေးသမား ၄ ဦး ကိုလည်း အသေပစ်ခတ်ဖမ်းဆီး ရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

အစွန်းရောက်တိုက်ခိုက်ရေးသမားတွေဟာ ပစ်ခတ် တိုက်ခိုက်မှုတွေလုပ်ခဲ့ အပြီးမှာ ဟိုတယ်ကိုမီးရှို့ ခဲ့ကြတယ်လို့လည်း တိုက်ခိုက်မှု အတွင်းလွတ်မြောက် လာခဲ့သူအချို့က ဘီဘီစီကို ပြောခဲ့ပါတယ်။