မြန်မာ့ စာတိုက်လုပ်ငန်း အရှုံးပေါ်နေ

  • 16 ဇန်နဝါရီ 2016
Image caption ပို့ခဲ့တဲ့ စာတွေ မရောက်ခဲ့ဘူးဆိုရင်လည်း မြန်မာ့ ဆက်သွယ်ရေးထံ တိုင်ကြားနိုင်

မြန်မာ့ စာတိုက် လုပ်ငန်း အရှုံးပေါ် နေတာနဲ့ ပတ်သက်လို့ ဒီဇင်ဘာလ ၁၅ ရက်နေ့က လွှတ်တော်မှာ မေးမြန်းခဲ့ကြပါတယ်။

အများပြည်သူ ယုံကြည်မှု နည်းပါး ပြီး အရှုံးပေါ် နေတဲ့ မြန်မာ့ စာတိုက် လုပ်ငန်းကို ခေတ်မီ တိုးတက်အောင် ပြုပြင် ပြောင်းလဲမှုတွေ လုပ်ရမှာ ဖြစ်တယ်လို့ စာတိုက် လုပ်ငန်း ဆိုင်ရာ အထွေထွေ မန်နေဂျာ ဦးခမ်းအောင်က ဘီဘီစီကို ပြောပါတယ်။

စာတိုက် စနစ် ဟာ အရင်တုန်း က အရည်အသွေး ကျဆင်း ခဲ့တယ်ဆိုတာ မှန်တယ်လို့ ဝန်ခံခဲပြီး အခုအခါမှာတော့ တိုးတက်အောင် ပြန်လည် ပြုလုပ် နေကြောင်း ဒီနေ့ပို့ မနက်ဖန် ရောက် စာပို့ စနစ်ကို ကျင့်သုံးနေတယ်လို့လည်း ပြောပါတယ်။

အများပြည်သူတို့ ပို့ခဲ့တဲ့ စာတွေ မရောက်ခဲ့ဘူးဆိုရင်လည်း မြန်မာ့ ဆက်သွယ်ရေးထံ တိုင်ကြားနိုင်တယ်လို့လည်း ဆက်ပြောပါတယ်။

နိုင်ငံတကာ စာပို့ အဖွဲ့ချုပ်နဲ့လည်း ဆက်သွယ် ဆောင်ရွက် ထားခဲ့ပြီး ၂၀၁၂ ခုနှစ် တုန်းက ဆိုလျှင် တစ်ကမ္ဘာလုံး မှာ မြန်မာ့ စာတိုက် ဟာ အဆင့် ၁၁ အထိ ချိတ် ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ နိုင်ငံတကာမှာ မြန်မာ့စာပို့ စနစ် ဟာ အဆင့် ၆၅ အထိ ကျဆင်း ခဲ့တယ်လို့ ဆိုပါတယ်။

စာတစ်စောင် ပို့ခကို ပြည်တွင်းမှာ တစ်ရာ ကျပ်သာ ကောက်ယူခဲ့ပေမယ့် တကယ်တန်း ကုန်ကျစားရိတ်က ၂၃၇၈ ကျပ် ရှိတာကြောင့် နိုင်ငံတော် အနေနဲ့ စာတစ်စောင် ပို့တိုင်းမှာ ကျပ် ၂ ထောင်ကျော် အရှုံးခံ လုပ်ဆောင်နေရတယ်လို့ လည်း ဆက်ပြောပါတယ်။

မြန်မာ့ စာပို့ စနစ်ကို ကျေးရွာ နဲ့ နယ်စွန် နယ်ဖျားတွေ အထိ တိုးချဲ့ ပို့ဆောင်ဖို့ အစီအစဉ်တွေ၊ အွန်လိုင်း အရောင်းအဝယ် ထွန်းကား လာတာနဲ့ အမျှ စာပို့ လုပ်ငန်း စနစ် တွေကို တိုးတက်အောင် လုပ်ဆောင်သွားမယ့် အစီအစဉ်တွေကိုလည်း ချမှတ် ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ