ကြံ့ခိုင်ရေး ပါတီ ရှေ့အလားအလာ

  • 19 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် burmese
Image caption ညီလာခံ လုပ်မယ့် ကိစ္စနဲ့ပါတီရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စတို့ ကိုဆွေးနွေးခဲ့

ဇန်နဝါရီလ ၁၉ ရက်နေ့က ကြံခိုင်ရေး ပါတီရဲ့ ဗဟို အလုပ် အမှုဆောင် အစည်းအဝေးကို နေပြည်တော်မှာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပါတယ်။

ကြံခိုင်ရေး ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကို ပြည်နယ်နဲ့ တိုင်း က ဥက္ကဋ္ဌ တွေ တက်ရောက်ခဲ့ ကြပြီး တံခါးပိတ် ဆွေးနွေး ကြတာ ဖြစ်ပါတယ်။

အစည်းအဝေး မှာတော့ ပါတီ ညီလာခံ လုပ်မယ့် ကိစ္စနဲ့ပါတီရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စတို့ ကိုဆွေးနွေးခဲ့ ကြပြီး အများစုကတော့ အရေးပေါ် ညီလာခံ လုပ်ဖို့ သဘောတူကြတယ်လို့ဗဟို အလုပ် အမှုဆောင် ဦးလှသိန်းဆွေက ပြော ပါတယ်။

အခု အစည်းအဝေးမတိုင်ခင် ပါတီ ထိပ်ပိုင်း ခေါင်းဆောင် အချို့ဟာ သမ္မတ ရဲ့ လယ်တောရိပ်သာ မှာ တစ်ပတ်အတွင်း နှစ်ကြိမ် တွေ့ ဆုံခဲ့ကြတယ်လို့ သတင်း တွေထွက်ပေါ် လာခဲ့ပါတယ်။

ဒီလိုတွေ့ဆုံမှု အပြီး သူရဦးရွှေမန်း အပါအဝင် ပါတီထိပ်တန်း ခေါင်းဆောင် ၁၂ ဦး ကို ပါတီက ထုတ်ပစ် ဖို့ ကိစ္စ တွေ ဆွေးနွေးခဲ့ကြပြီး အခု အစည်းအဝေးမှာ ဆုံးဖြတ် မယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဒီကနေ့ပြုလုပ်တဲ့အစည်းအဝေးမှာ အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ပါတီ ဗဟို အလုပ်အမှု ဆောင် တစ်ဦးဖြစ်သူဦးလှသိန်းဆွေက ကောလာဟလ တွေသာ ဖြစ်တယ် လို့ ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်က ကြံခိုင်ရေး ပါတီညီလာခံကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ မှာကျင်းပဖို့အစီအစဉ် ရှိပေမဲ့ အခုချိန်ထိမကျင်းပနိုင်သေးပဲ မေလမှာကျင်းပဖို့ စီစဉ် နေကြပါတယ်။

ပါတီ ညီလာခံမှာ လက်ရှိ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ကိုလျော့ချ ဖို့ရှိသလို ပြည်နယ်နဲ့ တိုင်း ဥက္ကဋ္ဌ အချို့လည်း ပါတီက အနားယူဖို့ရှိတယ်လို ကြံ့ခိုင်ရေး ပါတီရဲ့ တာဝန်ရှိသူတွေက ပြောနေ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ