ရန်ကုန် လူဆိုးဂိုဏ်း ခေါင်းဆောင် ၁၂ ယောက်ထဲက ၆ ယောက် လွတ်မြောက် နေဆဲ

  • 20 ဇန်နဝါရီ 2016
myanmar_police_
Image caption ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရဲ့ လက်ရှိ အင်အား ဟာ အများပြည်သူ ဦးရေ တစ်ထောင့် နှစ်ရာ ကျော်မှာ ရဲ တစ်ဦး နှုန်း။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရဲ့ လက်ရှိ အင်အား ဟာ အများပြည်သူ ဦးရေ တစ်ထောင့် နှစ်ရာ ကျော်မှာ ရဲ တစ်ဦး နှုန်း ဖြစ်နေပြီး ရာဇဝတ် မှု တွေ လျော့ကျ ကင်းရှင်းဖို့ရာ ပြည်သူ လူထု အနေနဲ့ ဝိုင်းဝန်း ကူညီဖို့ လိုအပ် တယ် ဆိုပြီး ရန်ကုန်တိုင်း ဒေသကြီးရဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး က ဘီဘီစီ ကို ပြောပါတယ်။

လောလောဆယ် မှာ တော့ လှိုင်သာယာ၊ ရွှေပြည်သာ နဲ့ အင်းစိန်မြို့နယ်တွေက လူမိုက်ဂိုဏ်း တွေ ကို တိုင်း အဆင့် စီမံချက် ချ ပြီး ဖြိုခွင်း နေတာ မှာ လှိုင်သာယာ နဲ့ ရွှေပြည် သာ ဘက်က ရဲ မှတ်တမ်းရှိတဲ့ ရာဇဝင် လူဆိုး ခေါင်းဆောင် ၁၂ ယောက် ထဲ က တစ်ဝက် ကိုသာ ဖမ်း မိ ထားပါတယ်။

လှိုင်သာယာ နဲ့ ရွှေပြည်သာ မြို့နယ် တွေဟာ ရန်ကုန် မြို့ပြ ကို ပြောင်းရွှေ့ အခြေ ချ သူတွေ အများစု ဝင်ရောက် နေထိုင် တဲ့ နေရာ တွေ ဖြစ်တဲ့ အတွက် လူဆိုးဂိုဏ်း တွေ ထဲ ပါဝင် ပတ်သက် နေသူ တွေ အားလုံးရဲ့ ရာဇဝတ် နောက်ကြောင်း အခြေအနေ ကို အာဏာပိုင် တွေ ဘက်က သိဖို့ ခဲယဉ်း တယ်လို့ ရန်ကုန် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဆိုပါတယ်။

ဒီလို အခြေ အနေ တွေ ကြောင့် တစ်နှစ် အတွင်း လူဆိုး ဂိုဏ်း အားလုံး ပပျောက် သွားဖို့ အတွက် ဆိုရင် ပြည်သူ လူထု ရဲ့ ပူးပေါင်း ကူညီ မှု လိုအပ်တယ် ဆိုပြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောပါတယ်။

အခု စီမံချက်ချ ဖမ်းဆီးမှုတွေ လုပ်နေတဲ့ မြို့နယ် ၃ ခု ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အတွင်း ရန်ကုန်တိုင်း ထဲ ရာဇဝတ်မှု အများဆုံး ဖြစ်ခဲ့တဲ့ မြို့နယ်တွေ စာရင်းမှာ ပါဝင်ပါတယ်။

ဒီထဲက လှိုင်သာယာမြို့နယ် ကတော့ ရန်ကုန်တိုင်းထဲမှာ ရာဇဝတ်မှု အများဆုံး ဖြစ်ခဲ့ပြီး လူသတ်မှု ၂၅ မှု အပါအဝင် အမှုကြီး ၅၀ နီးပါး ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ