ချင်းနာဂမှာ အမှုထမ်းဖို့ တပ်ဆရာဝန်တွေခေါ်

  • 21 ဇန်နဝါရီ 2016
health myanmar ဓာတ်ပုံ မူပိုင် Reuters
Image caption လိုအပ်ချက်တွေ များဆဲ မြန်မာ ကျန်းမာရေး ကဏ္ဍ

ချင်းပြည်နယ် နဲ့ နာဂ ဒေသမှာ ရှိတဲ့ ကျန်းမာရေး ဌာန ဆေးရုံတွေမှာ ထမ်းဆောင်ဖို့ တပ်မတော် ဆေးတက္ကသိုလ် ဆင်း ပါရဂူ အဆင့် ဆရာဝန်ကြီး တွေကို မိမိ ဆန္ဒ အတိုင်း အဆိုပြုကြဖို့ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး က ဖိတ်ခေါ် ထားပါတယ်။

အဲဒီ ပါရဂူတွေရဲ့ တာဝန် ထမ်းဆောင်မှု ကိုလည်း အသိအမှတ်ပြု မှတ်တမ်းတင်မှာ ဖြစ်တယ် လို့ ဖိတ်ခေါ်တဲ့ စာမှာ ဖော်ပြ ထားပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ် လောက် ကတည်းက နယ်စပ် ဒေသတွေမှာ ဆေးဝါးကုသမှုတွေ လုပ်ပေးနေတဲ့ တပ်မတော် ဘက်က ဒီ ဒေသတွေမှာ ဆရာဝန်တွေ လိုအပ်နေတာ သိလို့ ခုလို ထုတ်ပြန်ပုံ ရတယ်လို့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ညွှန်ကြားရေးမှူး (ငြိမ်း) ပြည်သူ့ ကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ ဦးသန်းစိန် က ပြောပါတယ်။

ချင်းပြည်နယ်မှာ ဟားခါး၊ ဖလမ်း ၊ မင်းတပ် စတဲ့ ပါရဂူ အဆင့် ဆေးရုံတွေ ရှိကြပြီး အထူးကု ဆရာဝန် လိုအပ်မှုတွေ ရှိနေပါတယ်။

အရင်ကလည်း အရပ်ဘက်မှာ စစ်ဘက် ဆရာဝန်တွေ တွဲဖက် ခန့်ဖူးတာမို့ ရှားပါး စရိတ်ပေးတာ မျိုးတွေ လုပ်ပြီး ဆရာဝန် တွေ ထမ်းဆောင်ချင် အောင် စည်းရုံးသင့်တယ် လို့လည်း ဒေါက်တာ ဦးသန်းစိန် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ