ဘိန်းခင်းဖျက်သူတွေကို ရန်ပြုဖို့ကြံ

  • 21 ဇန်နဝါရီ 2016
opium ဓာတ်ပုံ မူပိုင်
Image caption ကချင်မှာ ဘိန်းစိုက်ဧက ထောင်ချီ ရှိ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ဆဒုံး၊ ကန်ပိုင်တီ မှာရှိတဲ့ ဘိန်းခင်း တွေကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့က အင်အား တထောင်ကျော်နဲ့ ဖျက်ဆီးဖို့ လုပ်နေပါတယ်။

ဒါကို ဘိန်းစိုက် တဲ့ ဒေသခံနဲ့ လက်နက်ကိုင် တစုက တုတ်၊ဓား၊ သေနတ်တွေ ကိုင် ရန်ပြုဖို့ လမ်းမှာ စောင့်နေ တာကြောင့် ဘိန်းခင်းဖျက်ဖို့ စောင့်နေရတယ် လို့ ဆိုပါတယ် ။

အင်အား ၃-၄ဝဝ လောက်က စောင့်နေတာမို့ တပ်နဲ့ ရဲ လုံခြုံရေး ပါမှ ထွက်ဖို့ ရှိတဲ့ အတွက် အစည်းအဝေး ဆုံးဖြတ်ချက်ကို စောင့်နေရ တာပါ။

အဲဒိ ဒေသတွေမှာ ဘိန်းစိုက် ဧက ထောင်ချီ ရှိပြီး ရက် ၂ဝ လောက် ဖျက်မှ အကုန် ပျက်စီးမယ် လို့လည်း သိရပါတယ်။

ဘိန်းခင်းကို ကာကွယ်ဖို့ စောင့်နေတဲ့ အထဲမှာ သေနတ်ကိုင်သူ တွေပါနေတာ ဘယ်အဖွဲ့အစည်း က ဆိုတာ ကိုတော့ သဲသဲကွဲကွဲ မသိရသေးဘူး လို့ ပြည်သူလူထု အခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့က တာဝန် ရှိသူက ပြောပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ