လိပ်ကျွန်း လူသတ်မှု အယူခံ အချိန်တစ်လ တိုးရ

  • 22 ဇန်နဝါရီ 2016
_thai_myanmar_murder_
Image caption ၆၃ မျက်နှာ ပါ သေဒဏ် စီရင်ချက် ကို အကောင်းဆုံး ဖြေရှင်း တုံ့ပြန် နိုင်ဖို့ အချိန် ထပ်မံ လိုအပ် ရတာ ဖြစ်။

ထိုင်း နိုင်ငံ တောင်ပိုင်း ကော်တောင်ကျွန်း ပေါ် ဗြိတိန် နိုင်ငံသား ၂ ဦး အသတ် ခံခဲ့ရမှုမှာ သေဒဏ် ချမှတ် ခံထားရတဲ့ မြန်မာ နိုင်ငံသား နှစ် ဦး ကို စီရင် ချက် ချပြီး တစ်လ အတွင်း အယူ ခံ ဝင်ရမယ်လို့ သတ်မှတ် ထားခဲ့ ပေမယ့် အခုတော့ အယူခံ ဝင်နိုင်တဲ့ နောက်ဆုံးရက် သတ်မှတ် ချက် ကို ထိုင်း တရားရုံးက နောက်ထပ် တစ်လ အချိန် တိုး ပေး လိုက် ပါတယ်။

အယူခံ မှာ တင်ပြမယ့် အချက် အလက် တွေ အပြည့်အစုံ ပြင်ဆင် နိုင်ဖို့ရာ ထိုင်း တရားရုံး ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့က လျှောက်ထား ခဲ့တာ မှာ အခုလို အချိန် တစ်လ ပိုရရှိ လာတာ ဖြစ်တယ် လို့ အယူ ခံ တင်မယ့် ဇော်လင်းနဲ့ ဝင်းဇော်ထွန်း တို့ရဲ့ ရှေ့နေ အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်နေသူ ဦးစိန်ဌေး က ဘီဘီစီ ကို ပြောပါတယ်။

၆၃ မျက်နှာ ပါရှိတဲ့ သေဒဏ် စီရင်ချက် ကို အကောင်းဆုံး ဖြေရှင်း တုံ့ပြန် နိုင်ဖို့ အခုလို အချိန် ထပ်မံ လိုအပ် ရတာ ဖြစ်ပြီး၊ အချိန် တစ်လ ပိုရလာ တဲ့ အတွက် ဒီအဲန် အေ စမ်းစစ်ချက် အပါအဝင် မှုခင်း ဆေးသိပ္ပံ ဆိုင်ရာ ကျွမ်းကျင်သူ တွေ နဲ့ ရှေ့နေ အဖွဲ့ ပိုပြီး အချိန်ယူ ဆွေးနွေး တိုင်ပင် လာနိုင် မှာ ဖြစ်တယ်လို့လည်း ဦးစိန်ဌေး က ဆိုပါတယ်။

ကနဦး အယူခံ တစ်လ သတ်မှတ်ချက် ဟာ အခုလ ၂၄ ရက် နေ့ ဆိုရင် ပြည့်ပြီ ဖြစ်ပြီး အခုတော့ နောက်တပ် တစ်လ အချိန် ပို ရလာ တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ