ကွန်ဒိုတိုက်ခန်းတွေကို နိုင်ငံခြားသားတွေ ဝယ်ခွင့်ပေးလိုက်ပြီ

  • 22 ဇန်နဝါရီ 2016
_myanmar_condo
Image caption လက်ရှိ မှာလည်း နိုင်ငံခြားသား တချို့က မြန်မာနိုင်ငံသားတွေကို အမည်ခံခိုင်းပြီး ဝယ်ယူတာ တွေ ရှိနေ။

ပြည်ထောင်စု လွှတ်တော်မှာ ဇန်နဝါရီ ၂၂ ရက် နေ့ တုန်းက အတည် ပြုလိုက်တဲ့ စုပေါင်းပိုင် အဆောက်အအုံ ဆိုင်ရာ ဥပဒေ အရ ကွန်ဒို တိုက်ခန်း တွေကို နိုင်ငံ ခြားသား တွေ ဆီ ရောင်းချ ခွင့် ပေးလိုက် ပါတယ်။

၆ ထပ် နဲ့ အထက် မြင့်တဲ့ အဆောက်အဦ တွေ မှာ ရှိတဲ့ စုစုပေါင်း တိုက်ခန်း အရေ အတွက် ရဲ့ ၄၀ % အထိ နိုင်ငံ ခြားသား တွေ ကို ရောင်းချ နိုင်ပြီ ဖြစ်ပါတယ်။

လက်ရှိ အိမ်မြေ တိုက်တာ စျေးနှုန်း ကြီးမြင့် နေပြီး ရေရှည် အထိ အခုလို စျေး ပေါက် နေနိုင် ဦးမှာ လား ဆိုတဲ့ တွက်ဆ မှု နဲ့ တကယ်တမ်း ကွန်ဒို တိုက်ခန်း တွေ အပိုင်ဝယ် မယ့် နိုင်ငံခြားသား အရေအတွက် နည်း နိုင်တယ် လို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှု ကျွမ်းကျင်သူ အကြံပေး တစ်ဦး က ဆိုပါတယ်။

ဒါပေမယ့် လက်ရှိ မှာလည်း နိုင်ငံခြားသား တချို့က မြန်မာနိုင်ငံသားတွေကို အမည်ခံခိုင်းပြီး ဝယ်ယူတာ တွေ ရှိနေတဲ့ အတွက် အခုလို တရားဝင် ဝယ်ခွင့် ပေးလိုက် တဲ့ အခါ တိုင်းပြည် အတွက် အခွန် ဘဏ္ဍာ ပိုရလာမယ့် အပြင် အရောင်းအဝယ် စျေးကွက် လည်း ပိုပြီး သွက်လာ လိမ့်မယ် ဆိုပြီး ဆောက်လုပ်ရေး လုပ်ငန်းရှင် တော်တော် များများ က မျှော်လင့် နေကြ ပါတယ်။

တစ်ဘက်မှာလည်း အခုလို နိုင်ငံခြားသားတွေ ပါ ဝယ်ယူခွင့် ရလာလို့ အိမ်ခြံ မြေဈေးတွေ ပိုတက်လာ မှာကို စိုးရိမ် သူတွေ လည်း ရှိနေပါတယ်။

တစ်နှစ် ခွဲကျော် ကြာ ဥပဒေကြမ်း ကို ဆွေးနွေး ခဲ့ပြီးတဲ့ နောက် အခုလို ဥပဒေ အခိုင်အမာ အနေနဲ့ ပေါ်ထွက် လာတဲ့ နောက် ကွန်ဒို တိုက်ခန်း တွေ ခိုင်မှာ မှု ရှိတာ ရယ်၊ ဘဏ်တွေ မှာ ပေါင်ခွင့် ရရှိ မှာရယ် စတဲ့ အချက် တွေ ကြောင့် ကွန်ဒို တိုက်ခန်း ကို စိတ်ဝင်စားသူ တွေ များလာ နိုင်တယ် ဆိုပြီး သုံးသပ် သူတွေ လည်း ရှိ နေ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ