ကာချုပ်နဲ့ NLD ဥက္ကဌတို့ တွေ့ဆုံဦးမယ်

  • 23 ဇန်နဝါရီ 2016
_min_aung_hlaing_assk ဓာတ်ပုံ မူပိုင် Reuters
Image caption ကာကွယ်ရေး ဦးစီးချုပ် နဲ့ အနိုင်ရ ပါတီ ခေါင်းဆောင် တို့ ရွေးကောက်ပွဲ လွန် ကာလ ဒုတိယ အကြိမ် ထပ် တွေ့ လာမယ့် ဖြစ်ရပ်ဟာ ထူးခြား မှု ရှိ။

လာမယ့် ဇန်နဝါရီ လ ၂၅ ရက် တနင်္လာ နေ့မှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ် အောင်ဆန်းစု ကြည် တို့ တွေ့ဆုံ ကြဖို့ ရှိနေတယ် ဆိုပြီး နှစ်ဘက် အသိုင်းဝိုင်း က ဘီဘီစီ ကို ပြောပါတယ်။

လွှတ်တော် အသစ် ပေါ်ပေါက် လာဖို့ သီတင်း တစ်ပတ် မျှသာ လိုတော့တဲ့ အချိန်မှာ အစိုးရ စစ်တပ် အကြီးအကဲ နဲ့ ရွေးကောက်ပွဲ အနိုင်ရ ပါတီ ခေါင်းဆောင် တို့ကြား အခုလို ထပ်မံ တွေ့ဆုံ လာပြန် ဦးမှာ ဖြစ်ပါတယ်။

ကာကွယ်ရေးဦး စီးချုပ် ရုံးမှာ တွေ့ဖို့ စီစဉ် ထားတယ် လို့ သိရတယ် ဆိုပြီး ဘီဘီစီ နေပြည်တော် သတင်း ထောက် က ဆိုပါတယ်။

လွှတ်တော် အသစ် စတင် တဲ့ အခါ လွှတ်တော် ဥက္ကဌ နေရာတွေ နဲ့ သမ္မတ နေရာ အတွက် အဆိုပြု ရွေးချယ် ခန့်အပ် ကြတာမျိုးတွေ လို အရေးကြီး တဲ့ နိုင်ငံရေး ဆောင်ရွက်ချက် တွေ တကယ်တမ်း စတင် လာတော့ မှာ ဖြစ်တဲ့ အတွက် အခုလို ကာကွယ်ရေး ဦးစီးချုပ် နဲ့ အနိုင်ရ ပါတီ ခေါင်းဆောင် တို့ ရွေးကောက်ပွဲ လွန် ကာလ ဒုတိယ အကြိမ် ထပ် တွေ့ လာမယ့် ဖြစ်ရပ်ဟာ ထူးခြား မှု ရှိပါတယ်။

လက်ရှိ အခြေအနေ အရတော့ လွှတ်တော် ထဲမှာ ကာကွယ်ရေး ဦးစီးချုပ် က စေလွှတ်တဲ့ တပ်မတော် သား ကိုယ်စားလှယ် တွေ အတွက် နေရာ သီးသန့် ပေးထားရသလို ကာလုံ လို့ ခေါ်တဲ့ နိုင်ငံတော် ကာကွယ်ရေး နဲ့ လုံခြုံရေး ကောင်စီ မှာလည်း ကာကွယ်ရေး ဦးစီးချုပ် ဘက်က နေရာ အသာစီး ရထား တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ