ကချင်မှာ ဘိန်းခင်းဖျက်ဖို့ စတင်ထွက်ခွာ

  • 23 ဇန်နဝါရီ 2016
Image caption အာဏာပိုင် တွေဘက်က ကောင်းကောင်း မနှိမ်နင်းနိုင်တဲ့အတွက် ဒေသခံတွေ က ကူညီလုပ်ဆောင်နေရ

ကချင်ပြည်နယ်တွင်းမှာ ဧက ထောင်နဲ့ချီတဲ့ ဘိန်းခင်းတွေကို ဖျက်ဆီးဖို့ ဒေသခံ တစ်ထောင်ကျော် ဘိန်းခင်းရှိတဲ့ နေရာတွေဆီကို ဇန္နဝါရီလ ၂၃ ရက်နေ့မှာ စတင် ထွက်ခွာသွားကြပြီလို့ သိရပါတယ်။

ကချင်ပြည်နယ် အတွင်း က ခရစ်ယန် အသင်းတော် တွေနဲ့ လူထု အခြေပြု မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့က စုပေါင်းပြီး ဝိုင်းမော်၊ ကန်ပိုင်တီ အနားက ဘိန်းခင်းတွေကို စုပေါင်း ဖျက်ဆီးဖို့ သွားကြတာ ဖြစ်ပါတယ်။

ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့တွေကဦးစီးကာ ဘိန်းခင်းဖျက်ကြတာ ဖြစ်ပြီး အစိုးရ ရဲနဲ့ စစ်တပ်ဘက်ကလည်း လိုက်ပါ ကူညီပေးတယ်လို့ မြစ်ကြီးနားလူထု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က အတွင်းရေးမှူး ဦးတန်ဂွန်းက ပြောပါတယ်။

ကချင်ပြည်နယ်မှာ မူးယစ်ဆေး သုံးစွဲမှုတွေ များပြားနေပေမယ့် အာဏာပိုင် တွေဘက်က ကောင်းကောင်း မနှိမ်နင်းနိုင်တဲ့အတွက် ဒေသခံတွေ က ကူညီလုပ်ဆောင်နေရတာလို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ