ရခိုင်တပ်ရဲ့ အဆက်အသွယ်ဆိုတဲ့ သံသယနဲ့ နောက်နှစ်ယောက် အဖမ်းခံရပြန်

  • 23 ဇန်နဝါရီ 2016
_arakan_army
Image caption အေအေ အဖွဲ့ ရဲ့ အဆက်အသွယ် အဖြစ် အစိုးရ စစ်တပ် က စွပ်စွဲ ဖမ်းဆီးတာ ခံခဲ့ရသူ ၁၀ ယောက် ကျော် ရှိနေပြီ။

ရခိုင် လက်နက်ကိုင် အဖွဲ့ အေအေ နဲ့ အဆက်အသွယ် ရှိတယ် ဆိုတဲ့ စွပ်စွဲ ချက် နဲ့ စစ်တွေ မြို့မှာ ရခိုင် လူငယ် နှစ်ဦး ကို အစိုးရ စစ်တပ် က ထပ်မံ ဖမ်းဆီး လိုက်ပါတယ်။

သောကြာ နေ့ နေ့လယ် က အဖမ်း ခံလိုက်ရသူ တွေ ဟာ စစ်တွေ ဈေးကြီးထဲ ငါး အရောင်းအဝယ် လုပ်တဲ့ ကိုဆန်းဝင်းထွန်း နဲ့ အာနိုး (ခေါ်) ကျော်စိုးမိုးတို့ ဖြစ်ပါတယ်။

ဘယ်ကို ခေါ် သွားမလဲ ဆိုတာ မပြောပဲ မျက်နှာကို အဝတ် နဲ့ အုပ် ကားပေါ် တင် သွားတာ ဖြစ်တယ် ဆိုပြီး မိသားစု ဝင် တွေ က ပြောပါတယ်။

အခုလ ၂၁ ရက် နေက လည်း ကျောက်ဖြူ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဥက္ကဋ္ဌ ကိုမောင်အေး အပါအဝင် လူ ၃ ယောက် အဖမ်း ခံခဲ့ ရပါတယ်။

ရခိုင် ပြည်နယ် ထဲမှာ အေအေ အဖွဲ့ ရဲ့ အဆက်အသွယ် အဖြစ် အစိုးရ စစ်တပ် က စွပ်စွဲ ဖမ်းဆီးတာ ခံခဲ့ရသူ ၁၀ ယောက် ကျော် ရှိနေပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ