ဖားကန့်မှာ မြေစာပုံ ထပ်မံ ပြိုကျ

  • 25 ဇန်နဝါရီ 2016
Image caption ဒီဇင်ဘာလက ဖြစ်ပွားခဲ့တဲ့ မြေစာပုံ ပြိုကျမှု ဖြစ်ပွားတဲ့ နေရာ နဲ့ သိပ်မဝေးတဲ့ နေရာမှာ မြေစာပုံ ထပ်မံ ပြိုကျမှု ဖြစ်ပွား

ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းက ဖားကန့် ဒေသ ကန်ခမ်းပူ တောင်ဘက်မှာ ကျောက်စိမ်းတူး မြေစာပုံ ပြိုကျလို့ လူပေါင်း တစ်ရာ နီးပါး မြေပိ သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလက ဖြစ်ပွားခဲ့တဲ့ မြေစာပုံ ပြိုကျမှု ဖြစ်ပွားတဲ့ နေရာ နဲ့ သိပ်မဝေးတဲ့ နေရာမှာ မြေစာပုံ ထပ်မံ ပြိုကျမှု ဖြစ်ပွားခဲ့တာပါ။

မြေစာပုံ မှာ ရေမဆေးကျောက် ကို ရှာဖွေနေတဲ့ သူတွေ အပေါ်ကို ပြိုကျ ခဲ့တာကြောင့် သေဆုံးသူ အခုလို များပြားရတာ ဖြစ်တယ်လို့ ဖားကန့် ဒေသခံ ဦးလှထောင်က ဘီဘီစီကို ပြောပါတယ်။

အာဏာပိုင်တွေဘက်က လာရောက် ပြီး ကယ်ဆယ်တာမျိုး အခုချိန်ထိ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်စိမ်း တူး ရာက ထွက်လာတဲ့ စွန့်ပစ် မြေစာတွေကို စည်းကမ်းမဲ့ စွန့်ပစ်တာကြောင့် မြေစာပုံ ပြိုကျမှု ဖြစ်ပွားရတာလို့ ဒေသ ခံတွေက ပြောနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ