မကွေးက ရွာတွေမှာ ရေရှားပါးမှု ကြုံတွေ့

  • 25 ဇန်နဝါရီ 2016
Image caption သဘာဝ စမ်းရေတွင်း ကလည်း ရေခမ်း နေတာကြောင့် အရင်နှစ်တွေ ထက် စောပြီး ဇန်နဝါရီ လ ထဲမှာပဲ ရေအခက်ခဲ ကြုံ လာရ

မကွေးမြို့နယ် အရှေ့ ဘက်ရှိ ကျေးရွာ အချို့မှာ သောက်သုံးရေရှားပါး နေလို့ လူတစ်ချို့ ရွာတွေ ကနေ အခြား နေရာတွေကို ပြောင်းရွှေ့ နေထိုင် နေကြပါတယ်။

ရေ အခက်အခဲ ကြုံ နေတဲ့ ရွာတွေကတော့ မကွေးမြို့အရှေ့ဘက် ကမိုင်၂၀ လောက်အဝေး က ရွာတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့မိုးရာသီမှာ နှောင်းမိုး မရွာလို့ သောက်သုံး ရေကန် တွေမှာ ရေ မလှောင် နိုင်သလို၊ သဘာဝ စမ်းရေတွင်း ကလည်း ရေခမ်း နေတာကြောင့် အရင်နှစ်တွေ ထက် စောပြီး ဇန်နဝါရီ လ ထဲမှာပဲ ရေအခက်ခဲ ကြုံ လာရတာပါ။

အခုရက်ပိုင်း သောက်ရေ ရှားပါးမှု အဓိက ကြုံတွေ့နေရတဲ့ ရွာတွေ က ကြို့ပင်အင်းရွာ၊ မြို့မိရွာ၊ သက်ရင်းတောရွာ၊ လိပ်ကန် ကျေးရွာ၊ ကြည် တလုံးရွာ၊ ကျူချောင်းရွာသစ်တို့ ဖြစ်ကြပါတယ်။

မကွေးမြို့ အရှေ့ဘက် လိပ်ကန်ရွာမှာ အရင်နှစ်တွေတုန်းက စိမ့်စမ်းတွင်း တွေ ကနေ ရေ ရရှိခဲ့ပြီး အခု နှစ်မှာ စိမ့်စမ်းတွင်း တွေကနေ ရေ မရတော့ လို့ ရေပြတ်လပ်မှု ပြဿနာတွေ ကြုံတွေ့ နေရတာ လို့ လိပ်ကန် ရွာမှာ နေထိုင်တဲ့ ကိုစိုးလွင်ဦးက ကြုံတွေ့ နေရတဲ့ အခြေအနေ နဲ့ ပတ်သက်ပြီး ဘီဘီစီကို ပြောပါတယ်။

၂၀၁၆ ခုနှစ်မှာ အယ်နီညို လို ရာသီဥတု ဖောက်ပြန်မှုကြောင့် မြန်မာနိုင်ငံမှာ ရေရှားပါးမှု ပြဿနာ ပိုမို ကြုံတွေ့ နိုင်ရတယ် လို့ မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က ဘီဘီစီကို ပြောပါတယ်။

မကွေး ဘက်က ရေအခက်ခဲ ဖြစ်နေတဲ့ ကျေးရွာက လူတွေက တော့ ရေအခက် ခဲ ဖြစ်ရင်အစိုးရ ကို တင်ပြပေ မယ့် လက်တွေ့ ဆောင်ရွက် ပေးတာမျိုး မရှိတဲ့ အတွက် ကိုယ့်ရွာမှာ ရေရရှိရေး ကော်မတီဖွဲ့ပြီး ဂျပန်အခြေစိုက် NGO တွေနဲ့ ဆက်သွယ်ပြီး ဖြေရှင်းဖို့ ကြိုးစားနေတယ် လို့ ပြောပါတယ် ။

ယခုနှစ်မှာ အဲဒီလို မိုးခေါင်ရေရှား ဒဏ်ခံ ရနိုင်တာကြောင့် ရေကို အသုံးလျော့ပြီး ချွေတာ စုဆောင်း ကြဖို့နဲ့အများနဲ ဆိုင်တဲ နေရာတွေမှာလည်း တက်နိုင်သမျှ ရေစု ဖို့တွေကို အစိုးရ ဦးဆောင်ပြီး စနစ်တကျ ပြင်ဆင်ဖို့ လိုတဲ့ အကြောင်း ပညာရှင်တွေက သတိပေး ပြောကြားနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ