ကာချုပ်နဲ့ NLD ဥက္ကဋ္ဌ တွေ့ဆုံမှု က အရေးပါ

  • 25 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် kakapyi
Image caption အစိုးရသစ် နဲ့ လွှတ်တော် အတွက် တပ်မတော် ခေါင်းဆောင်နဲ့ တွေ့ဆုံမှု ဟာ မဖြစ်မနေ လုပ်ရမယ့် ကိစ္စ

မြန်မာ နိုင်ငံမှာ လွှတ်တော်သစ် ခေါ်ယူ ဖို့ ၁ ပတ် သာ လိုတော့တဲ့ အချိန်မှာ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အဲလ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြ ပါတယ်။

အခုလို တွေ့ဆုံ ခဲ့ကြတာဟာ မကြာခင် ဖွဲ့စည်းမယ့် အစိုးရသစ် နဲ့ လွှတ်တော် အတွက် တပ်မတော် ခေါင်းဆောင်နဲ့ တွေ့ဆုံမှု ဟာ မဖြစ်မနေ လုပ်ရမယ့် ကိစ္စ ဖြစ်တယ်လို့ အငြိမ်းစား ဗိုလ်မှူး အောင်လင်းထွဋ် က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး နဲ့ လွှတ်တော် အသစ်ခေါ်ယူရေး တို့ အတွက် အခု ဆွေးနွေးပွဲမှာ ညှိနှိုင်းဖို့ များတယ်လို့လည်း ဆက်ပြောပါတယ်။

အစိုးရ အသစ် ဖွဲ့စည်းတဲ့ အခါမှာ လုံခြုံရေး နဲ့ ဆိုင်တဲ့ ဝန်ကြီးဌာန တွေကို တပ်မတော် နဲ့ ညှိနှိုင်းပြီးမှ အစိုးရ ဖွဲ့နိုင်မယ့် အနေအထား လည်း ဖြစ်တယ်လို့ ပြောပါတယ်။

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ စစ်ဦးစီး အရာရှိချုပ် နဲ့ စစ်ဥပဒေ ချုပ် တို့ပါ တွေ့ဆုံပွဲ အတွင်းမှာ ပါလာတာကြောင့် အရေးပါတဲ့ ဆုံးဖြတ်ချက် အချို့ကို ချလိုက်တယ်လို့ ယူဆရပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီး နောက်ပိုင်းမှာ တပ်မတော်ရဲ့ သဘောထားဟာ အင်မတန်မှ ပြောင်းလဲ လာတယ်လို့ ဦးအောင်လင်းထွဋ်က ဆက်ပြောပါတယ်။

အများ ခန့်မှန်းနေကြသလို ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ တားမြစ်ထား တဲ့ ၅၉(စ) ကို ဆိုင်းငံ့ပြီး အစိုးရ သစ်မှာ တပ်မတော် နဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ ဆွေးနွေး နေတာမျိုး ဖြစ်နိုင်တယ်လို့ ပြောကြားမှုတွေလည်း ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ