မင်္ဂလာဒုံ ပျဉ်းမပင် ကျူးကျော်တွေကို ဖယ်ရှား

  • 26 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် epa nyein chan naing
Image caption ရာသီ ဥတု ဆိုးရွား နေချိန် မှာ အခုလို အင်အားသုံး ဖြေရှင်းတာ နဲ့ ပတ်သတ်လို့ ဝေဖန်မှု တွေ ရှိနေ

အင်္ဂါနေ့ မနက်ခင်းက မင်္ဂလာဒုံ ပျဉ်းမပင် စက်မှုဇုံ အနီး လွန်ခဲ့တဲ့ နှစ် ၂၀ လောက် နီးပါးက နေခဲ့ ကြတဲ့ အိမ် ထောင်စု တစ်ထောင် ကျော် လောက်ဟာ နေစရာ မရှိ ဖြစ်သွားကြ ပါပြီ။

ဒဂုံမြို့သစ် ဆိပ်ကမ်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖယ်ရှားခဲ့ သလို မင်္ဂလာဒုံ ပျဉ်းမပင် စက်မှူ ဇုံ ဧရိယာထဲ ရောက်နေတဲ့ အိမ် ထောင် ကျော် ကို အင်္ဂါနေ့က ဖယ်ရှား လိုက်တာပါ။

လွန်ခဲ့တဲ့ ၂ နှစ်လောက် ကတည်းက ကျူးကျော်တွေ ကို အစိုးရက ဖယ်ရှင်းဖို့ ကြိုးစား ခဲ့တာ ဖြစ်ပြီး အခု အစိုးရ သက်တမ်း ကုန်ကာ နီးမှာ အရှိန်မြင့် ဆောင်ရွက် ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်တိုင်း အတွင်းရှိ ဒဂုံမြို့သစ် ဆိပ်ကမ်း က ကျူးကျော် နေထိုင် သူတွေ ကိုအခု လိုပဲ အင်အား သုံးပြီး ဖယ်ရှား ခဲ့ပါတယ်။

ရာသီ ဥတု ဆိုးရွား နေချိန် မှာ အခုလို အင်အားသုံး ဖြေရှင်းတာ နဲ့ ပတ်သက်လို့ အစိုးရ အပေါ် ဝေဖန်မှု တွေ ရှိနေပါတယ်။

ရန်ကုန်မှာ ကျူးကျော် နေထိုင် သူတွေ အိမ်ခြေသောင်း နဲ့ ချီရှိပြီး လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံ ဆိပ်ကမ်း မြို့နယ် တွေမှာ အများဆုံး ဖြစ်ပါတယ်။

ရန်ကုန်တိုင်း နယ်စပ် ရေးရာ လုံခြုံရေးဝန် ကြီးကတော့ ရန်ကုန်တိုင်း အတွင်း အစိုးရ စီမံကိန်း နေရာ တွေက ကျူးကျော် သူတွေ အားလုံးကို ဖယ်ရှားမယ် လို့ပြီး ခဲ့တဲ့ ရက်ပိုင်းက ပြောထား ပါတယ်။

လူ ၈ သန်း လောက် နေထိုင် တဲ့ ရန်ကုန် မြို့မှာ တရား ဥပဒေ အရ အခု လို အစိုးရ ပိုင် မြေတွေမှာ ကျူးကျော် သူတွေ ကို ဖယ်ရှား တာဆိုရင် စည်ပင်ပိုင် မြေတွေနဲ့ ပြည်သူပိုင် မြေတွေကို နည်း အမျိုးမျိုးနဲ့ ကျူးကျော် ဆောက်လုပ် ထားတဲ့ အစိုးရနဲ့ နီးစပ်သူ တွေရဲ့ ဈေးဝယ် စင်တာတွေ၊ နေအိမ် တွေ၊ အဆောက် အဦ တွေ၊ အုတ်တံတိုင်း ကိုလည်း ဖယ်ရှား သင့်တယ်လို့ သုံးသပ် ပြောဆိုမှု တွေ ရှိနေ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ