မဟာချိုင်မှာ မြန်မာလုပ်သားတွေ အဖမ်းခံရ

  • 26 ဇန်နဝါရီ 2016
_thai_fishing_myanmar ဓာတ်ပုံ မူပိုင် epa
Image caption ငါးလုပ်ငန်းနဲ့ ပတ်သက်တဲ့ အလုပ်သမား တွေကို တရားဝင် အလုပ်လုပ်ခွင့် လက်မှတ်တွေ ထုတ်ပေးဖို့ ထိုင်း အစိုးရ က ညွှန်ကြားထား။

ထိုင်း နိုင်ငံ မဟာချိုင် မြို့ က ငါးပုဇွန် ရေထွက် ပစ္စည်း ထုတ်လုပ် တဲ့ လုပ်ငန်း တွေ ကို ထိုင်းရဲ တွေ ဝင် စစ် ခဲ့ ကြတာ မှာ တရား မဝင် အလုပ် လုပ်ကိုင် နေလို့ ဆိုပြီး မြန်မာ နိုင်ငံသား ၁၀ ဦး အခု ရက်ပိုင်း ကပဲ အဖမ်း ခံလိုက် ရပါတယ်။

အဲဒီလို တရားမဝင် လုပ်သား တွေ ကို အသုံးပြု တဲ့ အလုပ်ရှင် ၅ ယောက် လည်း အဖမ်း ခံခဲ့ ရပါတယ်။

ထိုင်း နိုင်ငံ ရဲ့ ရေထွက် လုပ်ငန်း တွေ မှာ အထူး သဖြင့် ငါးဖမ်း လှေတွေ ပေါ် မှာ ဆိုရင် လူမှောင်ခို တွေရဲ့ ရောင်းစား ထားတာ ခံရတဲ့ မြန်မာ နိုင်ငံ အပါအဝင် ဒေသတွင်း တချို့ နိုင်ငံ က သူတွေ ဟာ ခေတ်သစ် ကျွန် တွေ သဖွယ် မတရား ခိုင်း စေခံ နေရတဲ့ အဖြစ် တွေ ကို ဥရောပ က ပြစ်တင် ပြောဆို နေပြီး အလုပ်သမား အခွင့် အရေး ပြဿနာ ကို မဖြေရှင်း ရင် ဥရောပ ကို ထိုင်း ရေထွက် ပစ္စည်း တွေ အဝင် မခံ ဘူး ဆိုပြီး သတိ ပေးထား မှု တွေ ရှိပါတယ်။

အဲဒီ့ သတိပေး မှု ရဲ့ နောက်ဆက် တွဲ အနေနဲ့ ထိုင်း ဒေသခံ အာဏာပိုင် တွေ က သူတို့ အနေနဲ့ အရေးယူ ဆောင် ရွက် တာ ပြသ ချင်လို့ မဟာချိုင် မှာ အခုလို ဖမ်းဆီး တာ မျိုး လုပ်တာ ဖြစ်ပြီး အဲဒီလို ဆောင် ရွက် ချက် တွေဟာ တကယ်တမ်း အလုပ်သမား အခွင့်အရေး ပြဿနာ မပြေလည် စေဘူးလို့ အလုပ်သမား အခွင့်အရေး လှုပ်ရှား ကြသူ တွေက ဝေဖန် နေပါတယ်။

ငါးလုပ်ငန်းနဲ့ ပတ်သက်တဲ့ အလုပ်သမား တွေကို တရားဝင် အလုပ်လုပ်ခွင့် လက်မှတ်တွေ ထုတ်ပေးဖို့ ထိုင်း အစိုးရ က ညွှန်ကြားထား တာ ရှိရက် နဲ့ အခုလို အလုပ်သမားတွေ ကို ဖမ်းဆီးနေတာ နည်းလမ်း မကျဘူး လို့ မဟာချိုင်း အခြေစိုက် အယ်လ်ပီအဲန် အလုပ်သမား အခွင့်အရေး မြှင့်တင်ရေး ကွန်ရက်က ဒါရိုက်တာ စုမ်ဖုန်း စာကယောက် က ဘီဘီစီ ကို ပြောပါတယ်။

ထိုင်း နိုင်ငံ ထဲမှာ အလုပ်သမား အခွင့်အရေးကို အလေးထား ဆောင်ရွက်ဖို့ နဲ့ လူကုန်ကူးမှု ပပျောက်ရေးကို ၆ လ အတွင်း အထူးလုပ်ဆောင်ဖို့ ဥရောပသမဂ္ဂက တိုက်တွန်း ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ