ကေအိုင်အို ခေါင်းဆောင်ပိုင်း ရာထူး အပြောင်းအလဲ လုပ်

  • 27 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ကေအိုင်အိုဟာမြန်မာအစိုးရနဲ့ငြိမ်းချမ်းရေး ဆွေးနွေးနေဆဲဖြစ်ပါတယ်

KIO ကချင် လွတ်လပ်ရေး အဖွဲ့ရဲ့ ဇန်နဝါရီလ ၂၁ ရက် ကနေ ၂၅ ရက်အထိ ကျင်းပခဲ့တဲ့ ဗဟိုကော်မီတီ အစည်းအဝေးမှာ ထိပ်တန်း ခေါင်းဆောင် နေရာတွေ အပြောင်းအလဲ လုပ်ဖို့ ဆုံးဖြတ် ခဲ့ကြောင်း KIO နဲ့ အစိုးရကြားငြိမ်းချမ်းရေး အကျိုး ဆောင် အဖြစ် ဆောင်ရွက်နေသူ ဦးလမိုင်ခွန်ဂျာ ကပြောပါတယ်။

ကေအိုင်အို ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဗန်လ ဟာ ကချင် အတိုင်ပင်ခံ ကောင်စီ ကေအိုင်စီရဲ့ ဒုတိယ ဥက္က ဌနေရာကိုဘဲ ဆက်လက် တာဝန်ယူမှာ ဖြစ်ပြီး သူ့ရဲ့ ကေအိုင်အို တာဝန် နေရာမှာ ဒုတိယ ဥက္ကဌနှစ်ဦး ကိုအစား ထိုး ခန့်အပ် လိုက်ပါတယ်။

ဒုတိယ ဥက္ကဌ ၁ အဖြစ် စစ်ဦးစီး ချုပ် ဗိုလ်ချုပ် ဂမ်ရှောင်က ပူးတွဲ တာဝန်ယူမှာ ဖြစ်ပြီး ဒုတိယ ဥက္ကဌ ၂ နေရာ ကိုတော့ ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ကို တာဝန်ပေး လိုက်ပါတယ်။

ဗိုလ်ချုပ် ဂွမ်မော်ရဲ့ ဒုတိယ စစ်ဦးစီးချုပ် နေ ရာမှာတော့ ဗိုလ်မှူးချုပ် ခေါင်လွန်းနဲ့၊ ဗိုလ်မှူးချုပ် အောင်ဆိုင်းလ တို့နှစ်ဦးကို ဒုဦးစီးချုပ်တွေ အဖြစ် ခန့်အပ်ခဲ့ ပါတယ်။

ဒါဟာ လက်ရှိ နိုင်ငံရေး အခင်းအကျင်းရဲ့ လိုအပ်ချက် အရပြောင်းလဲ တာသာဖြစ်ပြီး ကေအိုင်အို အဖွဲ့အတွင်း စိတ်သဘောထား ကွဲပြားမှု မရှိဘူးလို့ ဦးခွန်ဂျာက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ