ကမ္ဘာ့ဘဏ်ချေးငွေနဲ့ တရုတ် ကုမ္ပဏီကနေ လျှပ်စစ်စက်ရုံ ပစ္စည်းသစ်တွေ ဝယ်မယ်

  • 27 ဇန်နဝါရီ 2016
electricity_
Image caption တရုတ် စွမ်းအင် အင်ဂျင်နီယာ လုပ်ငန်း ကော်ပိုရေးရှင်းက တင်ဒါ အောင်။

လျှပ်စစ် ဓာတ်အားပေး စက်ရုံ အဆင့်မြှင့်ဖို့ ကမ္ဘာ့ဘဏ်က ရရှိ ထားတဲ့ ချေးငွေ တွေ သုံးပြီး လိုအပ်တဲ့ ပစ္စည်း တွေ ဝယ်ယူဖို့ရာ မြန်မာ အစိုးရ နဲ့ တရုတ် အစိုးရပိုင် ကုမ္ပဏီ တစ်ခု တို့ စာချုပ် ချုပ် ဆိုလိုက် ပါတယ်။

မွန်ပြည်နယ် သထုံမြို့နယ်က လျှပ်စစ် ဓာတ်အားပေး စက်ရုံ မှာ စက်ပစ္စည်း သစ်တွေ ဝယ်ယူဖို့ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ကနေ တင်ဒါ ခေါ်ယူ ခဲ့တာမှာ တရုတ် စွမ်းအင် အင်ဂျင်နီယာ လုပ်ငန်း ကော်ပိုရေးရှင်းက တင်ဒါ အောင်သွားတာ ဖြစ်ပါတယ်။

အဲဒီလို စက်ရုံ မှာ ပစ္စည်း သစ် တွေ လဲလှယ် တပ် ဆင်နိုင်ဖို့ အပါအဝင် တခြား နည်းပညာ ပိုင်း ဆိုင်ရာ အကူအညီ တွေ ပေးဖို့ ဆိုပြီး ကမ္ဘာ့ ဘဏ်ကနေ ဒေါ်လာ သန်း ၁၄၀ ကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ကတည်းက နှစ်ရှည် ချေးငွေ အဖြစ် ပေးထား တာ ဖြစ်ပါတယ်။

မွန် ပြည်နယ် ထဲမှာ တော့ ကျေးရွာ တွေ အထိ လျှပ်စစ် မီး မရောက် သေးပဲ မြို့ ပေါ် တွေ မှာလည်း မီးစက် တွေ နဲ့ လည်ပတ် နေရကာ တစ်ယူနစ် ကျပ် ၉၀၀ ကျော်လောက် ကျ နေရတယ် ဆိုပြီး ဒေသခံ တွေက ပြောပါတယ်။

သထုံ လျှပ်စစ် ဓာတ်အား စက်ရုံ ကို သာ အဆင့်မြှင့် နိုင်ခဲ့ရင် အနီးအနား ဒေသတဝိုက် က လူ ၁ သန်း လောက် လျှပ်စစ် မီး ရလာဖို့ မျှော်လင့် ရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ