တရုတ်ပြည်ထဲ သူတို့သမီး အဖြစ် ရောင်းစားခံရတာ အဖြစ်အများဆုံး

  • 30 ဇန်နဝါရီ 2016
vietnamese_brides_in_china ဓာတ်ပုံ မူပိုင် Greg Baker AFP
Image caption အလုပ်အကိုင် မက်လုံး ပေးပြီး တရုတ် နိုင်ငံထဲ ခေါ် သွားကာ တရုတ် အမျိုးသား တွေ နဲ့ အဓမ္မ လက်ထပ် ခိုင်းတာ မျိုး အဖြစ်အများဆုံး။

မြန်မာ နိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ စာရင်းအရ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အတွင်း လူကုန်ကူး ခံရမှု ပေါင်း ၁၃၀ ရှိပြီး အများစု ဟာ အမျိုးသမီး တွေ ဖြစ်တယ် လို့ ဆိုပါတယ်။

အသက် ၂၀ နဲ့ ၃၀ ကြား အမျိုးသမီး တွေကို အလုပ်အကိုင် မက်လုံး ပေးပြီး တရုတ် နိုင်ငံထဲ ခေါ် သွားကာ တရုတ် အမျိုးသား တွေ နဲ့ အဓမ္မ လက်ထပ် ခိုင်းတာ မျိုး အဖြစ်အများဆုံး ပဲလို့ မြန်မာနိုင်ငံ လူကုန် ကူးမှု တိုက်ဖျက်ရေး တပ်ဖွဲ့က ထိပ်တန်း ရဲ အရာရှိ တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

ထိုင်း ငါးဖမ်း လှေ တွေ ပေါ်မှာ ရောင်းစား ခံရသူတွေ ကို ကယ်တင် ခဲ့ရတာ တွေ လည်း ရှိတယ်လို့ လည်း အဲဒီ့ ရဲ အရာရှိ က ဆိုပါတယ်။

ရဲတပ်ဖွဲ့ က သိရှိ ခဲ့သမျှ အမှု ပေါင်း ၁၃၀ ဟာ၂၀၁၅ အတွင်း တရုတ် နဲ့ ထိုင်း နိုင်ငံတွေ ဘက် လူမှောင်ခို သမားတွေ ခေါ် ဆောင် သွားတာ ခံခဲ့ ရသမျှ လူ ဦးရေ ရဲ့ တကယ့် ပမာဏ ကို ထင်ဟပ် ရဲ့လား ဆိုတာ ကတော့ မေးခွန်း ထုတ် စရာ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ရက်တွေ တုန်း က အင်တာနက် လူမှု ကွန်ရက် စာမျက်နှာတွေ ထက် ပြန့်နှံ့ ခဲ့တဲ့ ကလေး ခိုးမှု တွေ မြန်မာ နိုင်ငံ ထဲမှာ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ် နေတယ် ဆိုတာ နဲ့ ပတ်သက်ပြီး လို့တော့ ဒုတိယ ရဲမှုးကြီး သက်နောက် က ငြင်းဆို ခဲ့ပြီး အများစု ဟာ ကောလဟာလ တွေ ဖြစ်တယ် လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စိစစ် စုံစမ်းမှု အရ ကလေး ခိုးမှု လို့ ဖြစ်နိုင်ခြေ ရှိသယောင်ယောင် ၂ မှု ပဲ တွေ့ ထားရတယ် လို့ လည်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ