ဒုတိယအကြိမ် လွှတ်တော် ဘာတွေ ကွာခြားမလဲ

  • 31 ဇန်နဝါရီ 2016
Image caption ပထမအကြိမ်လွှတ်တော်ကို ကြံခိုင်ရေးပါတီက အများစုဖြစ်ခဲ့ပေမဲ့ ဒုတိယအကြိမ်လွှတ်တော်အစည်း အဝေးတွေမှာတော့ NLD ပါတီက အမတ် နေရာ အများစု

ရွေးကောက်ပွဲ အနိုင်ရ ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်မယ့် ဒုတိယအကြိမ် ပြည်သူ့လွှတ် တော်အစည်းအဝေးကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်တော့မှာဖြစ်ပါတယ်။

ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးတွေ တက်ရောက်မယ့် ကိုယ်စားလှယ် အများစုဟာ နေပြည်တော် မှာရှိတဲ့ စည်ပင်ရိပ်သာ တည်းခိုဆောင်တွေမှာတည်းခိုနေကြပါပြီ။

ပြည် ထောင်စုလွှတ်တော် မှာ ဆိုရင်ရွေးကောက်ခံကိုယ်စားလှယ် ၄၀၀ ကျော်နဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကခန့်အပ်တဲ့ တပ်မတော် သား ကိုယ်စားလှယ်တွေနဲ့ဆိုစုစုပေါင်းကိုယ်စားလှယ် ၆၀၀ ကျော်ရှိပါတယ်။

NLD ပါတီ အိမ်မဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မသန္တာက public policy နဲ့ ပါတ်သက်လို့ စိတ်ဝင်စားပြီး ပြည်သူလူထု ကို အခြေပြု တဲ့ budget နဲ့ ဆိုင်တဲ့ ကိစ္စရေးရာ တွေကို လွှတ်တော်မှာ တင်ပြဖို့ ပြင်ဆင် ထားတယ်လို့ ပြောပါတယ်။

တိုင်းရင်းသားပါတီအများစုကတော့ဒေသဖွံဖြိုးရေးငြိမ်းချမ်းရေးနဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးတွေကိုဆွေးနွေးဖို့ပြင်ဆင်ထားကြပြီး ပထမအကြိမ်လွှတ်တော်ထက် ပြည်သူ့အကျိုးကိုပိုမိုဆောင်ရွက်နိုင်ကြလိမ့်မယ်လို့လဲ မျှော်လင့်နေကြပါတယ်။

ပထမအကြိမ်လွှတ်တော်ကို ကြံခိုင်ရေးပါတီက အများစုဖြစ်ခဲ့ပေမဲ့ ဒုတိယအကြိမ်လွှတ်တော်အစည်း အဝေးတွေမှာတော့ NLD ပါတီက အမတ် နေရာ အများစုရရှိထားပါတယ်။

ဒုတိယ အကြိမ် လွှတ်တော်နဲ့ ပထမအကြိမ် လွှတ်တော် ဘာတွေကွာခြားသွားနိုင်လဲလို့ကျားခေါင်းပါတီက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြုပြင်ပြောင်းလဲရေးမှာ စိတ်အားထက်သန် တဲ့ အစုအဖွဲ့နဲ့ ပုံမှန် အတိုင်း သာ သွားလိုတဲ့ အစုအဖွဲ့တွေ ကွာခြားမှုတွေ ရှိနိုင်တယ်လို့ ပြောပါတယ်။

ကွာခြားမှု တွေရှိပေမယ့် အခြားပါတီတွေကတင်လာမဲ့ အများအတွက်အကျိုးရှိမယ့် အဆိုတွေမှာ ပူးပေါင်းဆောင်ရွက်မှု မရှိတာ တို့အစိုးရအဖွဲ့ကို အပြန်အလှန် ထိန်းကျောင်း ရမယ့် ကိစ္စတွေမှာ တွန်းတွန်း တိုက်တိုက် လုပ်ရဲပါ့မလား ဆိုတာတော့ စိုးရိမ်မိတယ်လို့ တိုင်းရင်းသား လွှတ်တော်ကိုယ်စား လှယ် အချို့ကပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ