ကြံ့ခိုင်ရေး အမတ်ဟောင်းတွေ ဘာလုပ်မလဲ

  • 31 ဇန်နဝါရီ 2016
usdp ဓာတ်ပုံ မူပိုင် AP
Image caption ကြံ့ခိုင်ရေး ကိုယ်စားလှယ်တွေ အများစု ရှုံးနိမ့်

လွှတ်တော်သစ် တွေ စတော့မယ့် အချိန် မှာပဲ ကြံ့ခိုင်ရေး ပါတီ က ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မှာ ရှုံးနိမ့် သွားခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ် ဟောင်းတွေ ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေ ဆက်လုပ် ကြမယ် လို့ ပါတီ ဗဟို ကော်မတီဝင် ဦးစောလှထွန်း က ပြောပါတယ်။

ရွေးကောက်ပွဲ ရှုံးသွားပေမယ့် လုပ်နေဆဲ ဖြစ်တဲ့ ပညာရေး ၊ ကျန်းမာရေး၊ လမ်းပန်း၊ ကျေးလက် ရေရရှိရေး နဲ့ လျှပ်စစ်မီး စတဲ့ ကိစ္စတွေကို လက်ရှိ ကိုယ်စားလှယ် တွေဆီ တင်ပြ ဆောင်ရွက် သွားမယ် လို့ သိရပါတယ်။

စီးပွားရေး ဘက် ဇောက်ချ လုပ်ကြမယ့် ကိုယ်စားလှယ် ဟောင်းတွေ ရှိကြပေမယ့် လူမှု ကူညီရေးတွေ နဲ့ တွဲဘက် လုပ်ဆောင် သွားကြမယ် လိုလည်း ပြောပါတယ်။

နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဝင်ပြိုင်တဲ့ ကြံ့ခိုင်ရေး ကိုယ်စားလှယ် အများစု ရှုံးနိမ့်ပြီး လက်ရှိ လွှတ်တော်သစ်မှာ ဆယ် ဂဏန်းလောက်ပဲ ပြန် ရွေးကောက်ခံခဲ့ရပါတယ်။

ပါတီ ပြုပြင်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖွယ်ရာ ရှိတယ် လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ