ပြည်နယ် တိုင်း အစိုးရတွေရဲ့လိုအပ်ချက်

  • 1 ဖေဖော်ဝါရီ 2016
Image caption အခြေခံ ဥပဒေပါ အခွင့်အရေးတွေကို အပြည့်အဝ အသုံးမချ နိုင်ခဲ့ပေမယ့် နောက်တက် လာမယ့် NLD အစိုးရသစ် လက်ထက်မှာ အသုံးချခွင့် ရစေချင်

ကရင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၅ နှစ် အတွင်း လမ်းပန်း ဆက်သွယ်ရေးနဲ့ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အများကြီး လုပ်ပေး နိုင်ခဲ့တယ်လို့ ကရင် ပြည်နယ် က ပအိုဝ်း တိုင်းရင်းသား ရေးရာ ဝန်ကြီး ခွန်သန်းမြင့်က ဘီဘီစီကိုပြောပါတယ်။

အရင် စစ်အစိုးရ လက်ထက် က သိမ်းယူ ခဲ့တဲ့ မြေယာ ကိစ္စတွေကိုလည်း အများကြီး ဖြေရှင်း နိုင်ခဲ့ပြီး စိန်ခေါ်မှု ကြီးကြီးမားမား မရှိဘူးလို့လည်း ပြောပါတယ်။

အရင် အစိုးရ လက်ထက်မှာ ပြည်နယ်နဲ့ တိုင်းဒေသ တွေမှာ အခြေခံ ဥပဒေပါ အခွင့်အရေးတွေကို အပြည့်အဝ အသုံးမချ နိုင်ခဲ့ပေမယ့် နောက်တက် လာမယ့် NLD အစိုးရသစ် လက်ထက်မှာ အသုံးချခွင့် ရစေချင်တယ်လို့ ပြောပါတယ်။

ကျေးလက် ဒေသ လိုအပ်ချက်တွေ အများကြီး ရှိပေမယ့် ပြည်နယ် အစိုးရ တွေမှာ ရန်ပုံငွေ မပြည့်စုံလို့ လုပ်ချင်တဲ့ စီမံကိန်းတွေကို အပြည့်အဝ လုပ်ခွင့် မရခဲ့ဘူးလို့ လည်း ဆက်ပြောပါတယ်။

ကရင်ပြည်နယ်လို တိုင်းရင်းသားလူမျိုးစုတွေ အများအပြား နေထိုင်တဲ့ နေရာမှာ လိုအပ်ချက်တွေ ရှိနေပြီး တိုင်းရင်းသားတွေ ကြားမှာ စည်းလုံး ညီညွှတ်မှု အတွက် အစိုးရ အသစ် အနေနဲ့ လုပ်ဆောင်ရမှာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

ဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေး၊ ပညာရေး အဆင့်မြှင့်တင်မှု လုပ်ငန်း တွေဟာ စိန်ခေါ်မှုတွေ ရှိပေမယ့် အစိုးရသစ် အနေနဲ့ ဆက်လက် လုပ်ကိုင် စေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ