အန်အဲလ်ဒီနဲ့ သူရရွှေမန်း

  • 1 ဖေဖော်ဝါရီ 2016
Image caption အန်အဲလ်ဒီ အစိုးရက သူရဦးရွှေမန်းကို တာဝန် ပေး နိုင်လား

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အဲလ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး ကောင်းမွန် လာနေတဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဟောင်း သူရ ဦးရွှေမန်းကို ဒေါ်အောင်ဆန်းစုကြည်က တာဝန် ပေးနိုင် တယ် လို့ ပြောဆို မှုတွေ ရှိနေပါတယ်။

အန်အဲလ်ဒီ အစိုးရ အနေနဲ့ သူရ ဦးရွှေမန်းကို တာဝန် ပေးမယ် ဆိုရင် ရွေးကောက်ပွဲ ကော်မရှင် နဲ့ လူ့ အခွင့် အရေး ကော်မရှင် လိုမျိုးမှာ ပေး နိုင်တယ်လို့ မြန်မာ့ အရေး လေ့လာသူ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် အကြား တွေ့ဆုံဖို့ ဖြစ်လာအောင် သူရ ဦးသန်းရွှေမန်းက ဆောင်ရွက်ပေး ခဲ့တာလို့ လည်း ပြောဆို မှုတွေ ရှိပါတယ်။

ဒီတော့ သူရ ဦးရွှေမန်းဟာ အမျိုးသား ပြန်လည် သင့်မြတ် ရေးကိုလည်း သူ့ကဏ္ဍနဲ့ သူ ဆောင်ရွက် ပေးနိုင်မယ့် အနေ အထား မျိုး ရှိတယ် လို့ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။