သမ္မတသစ် နေရာ ဘယ်သူ့ကို လျာထားမလဲ၊ မတ်လ မတိုင်ခင် ဆုံးဖြတ်မှာ မဟုတ်

  • 3 ဖေဖော်ဝါရီ 2016
aung_san_suu_kyi_ ဓာတ်ပုံ မူပိုင် EPA
Image caption ဗြိတိသျှ နိုင်ငံသား သား နှစ်ယောက် ရှိနေတဲ့ အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ဒေါ်အောင်ဆန်းစုကြည် ဟာ သမ္မတ ဖြစ်ခွင့် မရှိ ဖြစ်နေပါတယ်။

စတင် ခဲ့ပြီ ဖြစ်တဲ့ လွှတ်တော် အသီးသီးမှာ နေရာ အများစု လွှမ်းမိုး ထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အနေနဲ့ သမ္မတ နေရာ အတွက် ဘယ်သူ့ ကို လျာထားမယ် ဆိုတာ ကို အလောတကြီး ဆုံးဖြတ်မှာ မဟုတ်ဘူး ဆိုပြီး NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

သမ္မတ နေရာ အဆိုပြုဖို့ မတ်လ ထိအောင် အချိန်ရ သေးတယ်လို့လည်း ဆိုပါတယ်။

လက်ရှိ သမ္မတ သက်တမ်း ဟာ မတ်လ ထဲကျမှ ပြီးဆုံးမှာ ဖြစ်ပါတယ်။

ဗြိတိသျှ နိုင်ငံသား သား နှစ်ယောက် ရှိနေတဲ့ အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ဒေါ်အောင်ဆန်းစုကြည် ဟာ သမ္မတ ဖြစ်ခွင့် မရှိ ဖြစ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတ ဖြစ်ခွင့် ကို တားဆီး နေတဲ့ ဖွဲ့စည်းပုံ ပါ ပုဒ်မ ကို ယာယီ ခြွင်းချက်ပြု ရပ်ဆိုင်း ပေးရေး အတွက် အခု စတင် နေပြီ ဖြစ်တဲ့ လွှတ်တော် ထဲ မှာ မဲခွဲ ဆုံးဖြတ် နိုင်ဖို့ NLD အမတ် တွေ ကြိုးစား လာနိုင်တယ် ဆိုပြီး မြန်မာ့ နိုင်ငံရေး လေ့လာ စောင့်ကြည် သူတွေက သုံးသပ် နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ