နယ်စပ်က တိုင်းရင်းသား ကလေးတွေ နိုင်ငံသား ဖြစ်ရေး တောင်းဆို

  • 4 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် others
Image caption ကလေး ကူးသန်း ရောင်းဝယ်မှုတွေ၊ ကလေးစစ်သား အဖြစ် လုပ်ခိုင်း တာတွေ ရှိနေ

ပဋိပက္ခ ကာလတွေ အတွင်း နယ်စပ်က ဒုက္ခသည် စခန်းနဲ့ အိမ်နီးချင်း နိုင်ငံ တွေမှာ မြန်မာ တိုင်းရင်းသားတွေ ကနေ မွေးဖွား လာတဲ့ ကလေးတွေကို မြန်မာ နိုင်ငံသား အဖြစ် အသိအမှတ် ပြုပေးဖို့ CPPCR ခေါ် ကလေး အခွင့် အရေး ကော်မတီ က တောင်းဆို လိုက်ပါတယ်။

အကြောင်း အမျိုးအမျိုးကြောင့် ကလေးတွေမှာ အနိုင်ကျင့် စော်ကား ခံနေရတာတွေ ရှိပြီး ကလေး ကူးသန်း ရောင်းဝယ်မှုတွေ၊ ကလေးစစ်သား အဖြစ် လုပ်ခိုင်း တာတွေ ရှိနေတယ်လို့ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စင်သီယာ မောင်က ပြောပါတယ်။

လိင်ပိုင်း ဆိုင်ရာ စော်ကား ခံရမှုတွေလည်း ရှိနေပြီး အဲဒီဖြစ်ခဲ့တဲ့ အနေအထား တွေက ဆင်းရဲနွမ်းပါးမှုတွေ နဲ့ ရင်ဆိုင်နေရပြီး ကလေးတွေက လမ်းပေါ်မှာ ရောက်နေတယ်လို့လည်း ပြောပါတယ်။

နယ်စပ် က ကလေးတွေကို ကူညီဖို့ လူထု အခြေပြု အဖွဲ့အစည်း တွေနဲ့ လက်တွဲ ဆောင်ရွက်လျက် ရှိပြီး အစိုးရနဲ့ ဆက်သွယ် တဲ့ အပိုင်းမှာ အခက်အခဲတွေ ရှိနေပါတယ်။

မြန်မာ နိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ ကလေးသူငယ် အခွင့်အရေး ကို ထိထိရောက်ရောက် ဆောင်ရွက် နိုင်ဖို့ အတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေ နဲ့ရော လူထု အခြေပြု အဖွဲ့အစည်း တွေ နဲ့ပါ ပူးပေါင်း ဆောင်ရွက်ဖို့ လိုနေပါတယ်။

အစိုးရသစ် တက်လာတော့မှာ ဖြစ်တဲ့ အတွက် နယ်စပ် ဒေသ တွေက တိုင်းရင်းသား မိဘတွေက နေ မွေးဖွား လာတဲ့ ကလေးသူငယ် တွေ အနေနဲ့ မြန်မာ နိုင်ငံသား ဖြစ်ဖို့ အတွက် တောင်းဆို သွားမယ်လို့လည်း ပြောကြားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ