ဆီးရီးယားအတွက် ၁၀ ဘီလျံ ကူညီဖို့ သဘောတူ

  • 5 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် PA
Image caption ဆော်ဒီ အစိုးရ က ဆီးရီးယား ထဲ မြေပြင်တပ် စေလွှတ်ဖို့ ရှိတယ် လို့ မနေ့ က ဖေဖေါ်ဝါရီလ ၄ ရက်နေ့ က ပြော

ဖေဖော်ဝါရီလ ၄ ရက်နေ့က လန်ဒန် မှာ ကုလသမဂ္ဂ ဥရောပ သမဂ္ဂ နဲ့ကမ္ဘာ့ ထိပ်တန်း ခေါင်းဆောင်တွေဟာ ဆီးရီးယား အရေး ဆွေးနွေးခဲ့ကြပြီး အလှူငွေတွေ ကို ဒေါ်လာ သန်း ပေါင်း ထောင်နဲ့ ချီပြီး ကူညီပံ့ပိုး ဖို့ ကတိ ပြု ဆုံးဖြတ် လိုက်ကြ ပါတယ်။

တဘက်မှာလည်း ဂျီနီဗါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရပ်ဆိုင်းသွားသလို ဆီးရီးယား ရှိ အလက်ပို မြို့ မှာလည်း ရုရှ လေကြောင်းစစ်ကူ တိုက်ခိုက်မှု ကြောင့် အစိုးရ တပ် ကလည်း သူပုန်တွေ ရဲ့ အဓိက ရိက္ခာ နဲ့ ထောက်ပံ့ရေး လမ်းကြောင်း ကို တူရကီ နဲ့ အလက်ပို အကြား ဖြတ်တောက် နိုင်ခဲ့ပါတယ်။

ဒါကြောင့် မို့ တိုက်ပွဲတွေ အကြားမှာ ဒုက္ခ ဖြစ်နေကြတဲ့ စစ်ပြေးဒုက္ခ သည်တွေ ဟာ တူရကီ ဘက် ကိုပဲ ၆သောင်း ခန့် ဝင်လာဖို့ ရှိနေကြပြီ လို့ တူရကီ ဝန်ကြီးချုပ် Ahmet Davutoglu က ပြောပါတယ်။

ရုရှ ဘက်ကလည်း ဒီလဆန်းပိုင်း က အလက်ပို၊ လာတာကီယာ နဲ့ ဟုမ်းစ် မြို့နယ် တွေ ဘက် ရှိ အကြမ်းဖက် သမားတွေ ရဲ့ ပစ်မှတ် ကိုးရာ နီးပါး ကို ပစ်ခတ် နိုင်ခဲ့တဲ့ အကြောင်း ရုရှ ကာကွယ်ရေး ဝန်ကြီးဌာန က ပြောပါတယ်။

ဒါ့အပြင် တူရကီ ဟာ ဆီးရီးယား ထဲ စစ်ရေး အရ ကျူးကျော် ဝင်ရောက်ဖို့ ပြင်ဆင်နေ တယ် ဆိုတာလည်း အခြေအမြစ် ရှိတဲ့ သတင်း ရထားကြောင်း ပါ ရုရှ က ပြောပါသေးတယ်။

အခုလို ဆီးရီးယား အခြေအနေ ဟာ ရှင်းလေ ရှုတ်ထွေးလေ ဖြစ်နေလို့ မနေ့ က လန်ဒန် နိုင်ငံ တကာ အလှူရှင်ညီလာခံ လာတက်တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တွေ အနေနဲ့ လိုက်နာရမဲ့ ဆုံးဖြတ်ချက် တွေ ကို အလွတ်သဘော ပြောခဲ့ ပါတယ်။

ဆီးရီးယား နိုင်ငံဟာ အဖက်ဖက် က တိုက်ပွဲတွေ ဖြစ်နေတဲ့ အထဲ IS အစ္စလာမ်မစ် နိုင်ငံ လက်နက်ကိုင် အဖွဲ့ လည်း ပါနေတဲ့ အတွက် ဆော်ဒီ အစိုးရ က ဆီးရီးယား ထဲ မြေပြင်တပ် စေလွှတ်ဖို့ ရှိတယ် လို့ မနေ့ က ဖေဖေါ်ဝါရီလ ၄ ရက်နေ့ က ပြောလို့ အခြေအနေ ပိုပြီး ရှုတ်ထွေးဖွယ်ရှိနေတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် အယ်လင် ဂျွန်စတင် က သတင်းပို့ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ