လွှတ်တော် ကော်မတီတွေကို ဦးဆောင်မယ့်သူတွေကို အဆိုပြု

  • 5 ဖေဖော်ဝါရီ 2016
Image caption သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက အမှန်တကယ် လုပ်မလုပ် ဆိုတာနဲ့ ပတ်သက်လို့ စိစစ်ဖို့ ကော်မတီ ဖြစ်

ပြည်ထောင်စု အဆင့် လွှတ်တော် နှစ်ရပ် စလုံးကို ပြီး ခဲ့တဲ့ သီတင်းပတ် ထဲမှာ စတင် လာခဲ့ပြီး တဲ့နောက် အရေး ကြီးတဲ့ လွှတ်တော် ကော်မတီ တွေ ကိုလည်း အသီးသီး ဖွဲ့စည်း လာခဲ့ပြီ ဖြစ်ပါ တယ်။

ဖေဖော်ဝါရီလ ၅ ရက် နေ့က ဆိုရင် လွှတ်တော် နှစ်ရပ် စလုံးမှာ အရေးပါတဲ့ ကော်မတီတွေ ဖြစ်တဲ့ အစိုးရ ကတိကဝတ် များ စောင့်ကြည့်ရေး ကော်မတီ နဲ့ လွှတ်တော် အခွင့်အရေး ကော်မတီ တွေ ကို ဘယ်သူ တွေ နဲ့ ဖွဲ့စည်း မယ် ဆိုထား လျာထား အဆို ပြု ခဲ့ကြ ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ပြည်သူ့လွှတ်တော် အမတ် ဒေါက်တာ မေဝင်းမြင့် ကို အစိုးရရဲ့ အာမခံချက်များ စိစစ်ရေး ကော်မတီ မှာ ဥက္ကဌ အဖြစ် ဦးဆောင် စေပြီး၊ ကချင်ပြည်နယ် က လာတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ အမတ် ဦးဇုန့်တိန့် ကို တော့ အတွင်းရေး မှုး အဖြစ် လျာထား အဆို ပြုခဲ့ ကြ ပါတယ်။

အစိုးရရဲ့ အာမခံချက်များ စိစစ်ရေး ကော်မတီ ရဲ့ အဓိက လုပ်ငန်း တာဝန် တွေနဲ့ ပတ်သက်လို့ NLD ပါတီ ရဲ့ လွှတ်တော် အမတ် တစ်ဦး ဖြစ်တဲ့ ဦးဖြိုးဇေယျာသော် က လွှတ်တော် ကိုယ်စားလှယ်တွေ မေးမြန်းကြတာကို အစိုးရရဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက အမှန်တကယ် လုပ်မလုပ် ဆိုတာနဲ့ ပတ်သက်လို့ စိစစ်ဖို့ ကော်မတီ ဖြစ်တယ်လို့ ရှင်းပြပါတယ်။

အစိုးရရဲ့ အာမခံချက်များ စိစစ်ရေး ကော်မတီမှာ ဥက္ကဋ္ဌ အဖြစ် တာဝန် ပေးခံရတဲ့ ဒေါက်တာ မေဝင်းမြင့်ဟာ NLD ပါတီ ဗဟို အလုပ်အမှုဆောင် တစ်ဦး ဖြစ်ပြီး ၁၉၈၈ နောက်ပိုင်း NLD က ဝင်ပြိုင်ခဲ့တဲ့ ရွေးကောက်ပွဲ ၃ ခု စလုံးမှာ အနိုင် ရခဲ့သူလည်း ဖြစ်ပါတယ်။

လွှတ်တော် အမတ် တွေ ရဲ့ ရပိုင်ခွင့်၊ ခံစား ပိုင်ခွင့် တွေ အပါအဝင် ပြည်သူ့ လွှတ်တော် တစ်ရပ် လုံးရဲ့ အခွင့်အရေး အတွက် ဖွဲ့စည်း ရတဲ့ လွှတ်တော် အခွင့်အရေး ကော်မတီ မှာ တော့ ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဌ၊ ကြံ့ခိုင်ရေး အမတ် ဦးတီခွန်မြတ် ကို ဦးဆောင် ဖို့ အဆိုပြု ထားကြ ပါတယ်။

သက်ဆိုင်ရာ လွှတ်တော် ရဲ့ ဒုတိယ ဥက္ကဌ ကို လွှတ်တော် အခွင့်အရေး ကော်မတီ ရဲ့ ဥက္ကဌ အဖြစ် ခန့်အပ် ရတာ လုပ်ထုံးလုပ်နည်း ဖြစ်တယ် လို့ ဦးဖြိုးဇေယျာသော် က ပြောပါတယ်။

အခုဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ဖွဲ့စည်း ရတဲ့ ကော်မတီ ၄ ရပ် ထဲ က ဥပဒေကြမ်း ကော်မတီ နဲ့ ပြည်သူ့ ငွေစာရင်း ကော်မတီ တွေက လွှတ်တော် စတင် တဲ့ ပထမ သီတင်းပတ် ထဲမှာ ပဲ လျာထား အကြံပြုတာ၊ အတည်ပြု တာ တွေ ပြုလုပ်ခဲ့ ပြီး ဖြစ်ပါတယ်။

အစိုးရရဲ့ အာမခံချက်များ စိစစ်ရေး ကော်မတီ နဲ့ လွှတ်တော် အခွင့်ရေး ကော်မတီ တွေကို ဦးဆောင်ကြမယ့် သူတွေကို နောက်တစ်ကြိမ် လွှတ်တော် အစည်းအဝေး ကျရင် အတည်ပြု ကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ