သမ္မတ အမည်စာရင်း တင်သွင်းမယ့်ရက် သတ်မှတ်

  • 8 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ပြည်ထောင်စု လွှတ်တော်ကို ဒီကနေ့ တနင်္လာနေ့မှာ စတင်။

မြန်မာ နိုင်ငံမှာ ပြည်ထောင်စု လွှတ်တော်နဲ့ ပြည်နယ်နဲ့ တိုင်း လွှတ်တော် အသီးသီးကို ဒီကနေ့ တနင်္လာနေ့မှာ စတင် ကျင်းပ ခဲ့ကြပါတယ်။

သမ္မတနဲ့ ဒုတိယ သမ္မတ အမည် စာရင်းတွေ စတင် တင်သွင်းရမယ့် ရက်ကို လာမယ့် မတ်လ ၁၇ ရက်နေ့ သတ်မှတ် လိုက်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ကြေညာခဲ့ ပါတယ်။

ပြည်နယ်နဲ့ တိုင်း လွှတ်တော်တွေ အတွက် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ တွေကို ရွေးချယ် တင်မြှောက် ခဲ့ကြရာမှာ ရှမ်းပြည်နယ် လွှတ်တော်နဲ့ ရခိုင်ပြည်နယ် လွှတ်တော် နှစ်ခုက လွဲရင် အန်အယ်လ်ဒီ ပါတီ ကိုယ်စားလှယ် တွေက ရယူခဲ့ကြပါတယ်။

အများ စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ ပြည်နယ် တစ်ခု ဖြစ်တဲ့ ရှမ်းပြည်နယ် လွှတ်တော်မှာ အကြိတ်အနယ် မဲခွဲ ခဲ့ကြပြီးနောက် ပြီးခဲ့တဲ့ လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သူ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ဦးစိုင်းလုံဆိုင်းကို လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ရွေးချယ် ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှာ ရခိုင် အမျိုးသား ပါတီက ဦးစံကျော်လှကို လွှတ်တော် ဥက္ကဋ္ဌ အဖြစ် အတည်ပြုခဲ့ပါတယ်။

ရန်ကုန်တိုင်း မှာတော့ NLD ပါတီက ဦးတင်မောင်ထွန်းကို အတည်ပြု ရွေးချယ် ခဲ့ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ