ကချင်ပြည်နယ် လွှတ်တော် အတွက် စိန်ခေါ်ချက်များ

  • 9 ဖေဖော်ဝါရီ 2016
Image caption ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ

ကချင် ပြည်နယ် မှာက တိုက်ပွဲတွေ ဖြစ်နေ သလို သဘာဝ သယံဇာတွေ အထွက်များပြီး ဒေသခံတွေ အတွက် အကျိုး ခံစားမှု အရ နည်းတယ်လို့ ပြောကြ ပါတယ်။

ဒီတော့ ပြည်နယ် လွှတ်တော် ဥက္ကဌ နေရာကို အကြိတ် အနယ် ရွေး ခဲ့တဲ့ ကချင် ပြည်နယ် လွှတ်တော် အနေနဲ့ ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေ ဘာတွေ လုပ်ဆောင် နိုင်မှာပါလဲ။

ကချင်ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးထွန်းတင် အနေနဲ့က ပြည်တွင်း ငြိမ်းချမ်းရေး ဖယ်ဒရယ် အရေးနဲ့ ကျောက်စိမ်း အပါ အဝင် သဘာဝ သယံဇာတ တွေ ကို အများ အတွက် လုပ်မယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော် ၅ နှစ် အတွင်းမှာ ပြည်နယ် သားတွေ အတွက် ထင်ထင် ရှားရှား မတွေ့ ခဲ့ရလို့ အားမလို အားမရ ဖြစ်ခဲ့တယ်။

အခု လွှတ်တော်နဲ့ အစိုးရ ကိုတော့ ဖြစ်ချင် တာတွေကို တိုက်တွန်း လုပ်ဆောင် သွားဖို့ ရှိတယ်လို့ ကချင် အရပ်ဖက် လူမှုကွန်ရက်က ဒေါ်ဒေါင်နွယ်က ပြောပါတယ်။

ကချင် ပြည်နယ် မှာက တိုင်းရင်းသား ပါတီ အများစုက အနိုင် မရပဲ အန်အဲလ်ဒီ အနိုင် ရတာ ဖြစ်လို့ ကချင် လူထု တွေရဲ့ ကြီးမား မျော်လင့် ချက်တွေကို ဖြည့်ဆည်း နိုင်ဖို့က စိန်ခေါ်မှု တရပ် ဖြစ်သလို အရည် အချင်း ပြဖို့ အခွင့် အလမ်း ဖြစ်ပါတယ်။