နိုင်ကျဉ်းတွေ ဦးဆောင်တဲ့ လွှတ်တော်စွမ်းအားမြှင့်ဖွဲ့

  • 14 ဖေဖော်ဝါရီ 2016
Image caption လွှတ်တော် စွမ်းအားမြှင့် အဖွဲ့ MCREP က တိုင်း ဒေသကြီး လွှတ်တော်တွေနဲ့ ပြည်သူတွေ ပိုမို ချိတ်ဆက်ဖို့ လုပ်ငန်း စတင်

ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ နိုင်ငံရေး အကျဉ်းသား ဟောင်းများ ဦးဆောင်တဲ့ လွှတ်တော် စွမ်းအားမြှင့် အဖွဲ့ MCREP က တိုင်း ဒေသကြီး လွှတ်တော်တွေနဲ့ ပြည်သူတွေ ပိုမို ချိတ်ဆက်ဖို့ လုပ်ငန်း စတင်တော့မယ့် အကြောင်း ရန်ကုန်မြို့မှာ မိတ်ဆက်ရှင်းပွဲကို ကျင်း ပ ခဲ့ပါတယ်။

အဆိုပါ အခမ်းနား ကို ရန်ကုန်တိုင်းက လွှတ်တော် ဥက္ကဋ္ဌ အပြင် ရန်ကုန်တိုင်းက လွှတ်တော် ကိုယ်စားလှယ် အတော် များများ တက်ရောက် ကြခဲ့ကြပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ ဦးဆောင်တဲ့ လွှတ်တော် စွမ်းအားမြှင့် အဖွဲ့ MCREP က အဓိ ကကတော့ တိုင်း နဲ့ ပြည်နယ် တွေမှာရှိတဲ့ လွှတ်တော်တွေ ကို ဝိုင်းကူညီ ဖို့ နဲ့ လူထုနဲ့ ပူးပေါင်းပြီး ဆောင်ရွက် ဖို့ အတွက် ရည်ရွယ်ပြီး ဖွဲ့စည်း တာဖြစ်တယ် လို့ ပြောပါတယ်။

အခု လောလော ဆယ်မှာ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကို အဓိက ကူညီမှု တွေ ပြုလုပ် သွားမယ့် အကြောင်း လွှတ်တော်စွမ်းအားမြှင့် အဖွဲ့ MCREP ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးဇော်ရဲ ဝင်း က ဘီဘီစီကို ပြောပါတယ်။

MCREP အဖွဲ့ရဲ့ အစီစဉ် ကို လွှတ်တော် ကိုယ်စားလှယ်တွေက စိတ်ဝင်တစားရှိကြ ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က အခု အစီအစဉ်ဟာ လွတ်တော် ကိုယ်စားလှယ်တွေ အတွက် အများကြီး အထောက် အကူ ဖြစ်မယ်လို့ ပြောပါတယ်။

နိုင်ငံရေး လေ့လာ သူတွေက တိုင်းဒေသကြီး လွှတ်တော်နဲ့ အစိုးရ တွေရဲ့ လုပ်ပိုင်ခွင့်ဟာ ဗဟိုအစိုးရ က လုပ်ကိုင်တဲ့ စီမံကိန်း တွေမှာ ဝင်ရောက် ဆောင်ရွက် စီမံပိုင်ခွင့် ကို အခြေခံ ဥပဒေကထိန်းချုပ်ထားဆဲ ဖြစ်တာကြောင့် ပြည်နယ် နဲ့ တိုင်း လွှတ်တော် တွေရဲ့ လုပ်ပိုင်ခွင့်ဟာ အကန့်အသတ်တွေရှိနေတယ်လို့ ပြောနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ