ကြက်ဖကြီးကို ရုံးထုတ်ပြီ

  • 15 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် fb
Image caption အစိုးရနဲ့ စစ်တပ် ခေါင်းဆောင် တွေရဲ့ ပုံ တွေ ကို လှောင်ပြောင်တဲ့ပုံတွေ လုပ်ပြီး ဖေ့စ်ဘွတ်မှာ ဖြန်ဝေ ခဲ့တယ် လို့ စွပ်စွဲခံရ

အင်တာနက် စာမျက်နှာပေါ်မှာ စစ်တပ် ခေါင်းဆောင်တွေ နဲ့ အစိုးရ အသိုင်း အဝိုင်းကို ဝေဖန် တိုက်ခိုက်သူ ကြက်ဖကြီး လို့ စွပ်စွဲ ခံရတဲ့ ကိုလှဖုန်း ကို တနင်္လာ နေ့က မရမ်းကုန်း မြို့နယ် တရားရုံး မှာ ပထမဆုံး ရုံးထုတ်ခဲ့ ပါတယ်။

အစိုးရနဲ့ စစ်တပ် ဖက်က ခေါင်းဆောင် တွေရဲ့ ရုပ်ပုံ တွေကို လှောင်ပြောင် သရော်တဲ့ ပုံတွေ အဖြစ် ပြုပြင် ဖန်တီးပြီး ဖေ့စ်ဘွတ် လူမှု ကွန်ရက် စာမျက်နှာမှာ ဖြန်ဝေ ခဲ့တယ် ဆိုပြီး သူ့ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး တစ်ဦးက တရားလိုပြု အမှုဖွင့် ထားခဲ့တာ ဖြစ်ပါတယ်။

အင်တာနက် စာမျက်နှာ ပေါ်မှာ စစ်တပ် ခေါင်းဆောင်တွေ နဲ့ အစိုးရ အသိုင်း အဝိုင်းကို ဝေဖန် တိုက်ခိုက် လို့ဆိုပြီး တရားစွဲ ဖမ်းဆီး ခံရတာဟာ ကိုလှဖုန်း အပါဆို ရင် ၅ ယောက် ရှိ သွားပြီ ဖြစ်ပါတယ်။

ကိုလှဖုန်း ဟာ ဖေ့ဘုတ် လူမှု ကွန်ရက် ကနေ စစ်တပ်နဲ့ အစိုးရ ကို တိုက်ခိုက်သူ ကြက်ဖကြီး ဖြစ်တယ် ဆိုပြီး ပြီးခဲတဲ့ ဖေဖော်ဝါရီလ ၁ဝရက်နေ့ က မနက်ပိုင်း မှာ နေအိမ်ကို လာရောက်ပြီး ဖမ်းဆီး သွားတာ ဖြစ်ပါတယ်။

အင်တာနက် စာမျက်နှာ ပေါ်မှာ အခုလို အစိုးရကို တိုက်ခိုက် သူတွေ ရှိသလို ဒေါ်အောင်ဆန်းစုကြည် ကို အသရေ ဖျက်တဲ့ ပုံတွေ အသက် အန္တရာယ် ခြိမ်းခြောက် တာတွေလည်း ရှိပါတယ်။

လာမယ့် ဖေဖဝါရီ လ ၂၄ ရက် နေ့မှာတော့ ဒီအမှုကို တရားလို အဖြစ် တိုင်ကြားသူ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး စိုးဝင်းမော်ကို စတင် စစ်ဆေးဖို့ ရှိနေပါတယ်။