မြန်မာ့လူ့အခွင့်အရေး နိုင်ငံတကာ အကူအညီလိုဆဲ လို့ AI ပြော

  • 16 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် nc
Image caption ကြေညာချက်ဟာ လာမယ့် ဖေဖေါ်ဝါရီ ၂၉ ရက်နေ့ မှ ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်း အဝေးကို တင်ပြသွားမှာလည်းဖြစ်

မြန်မာနိုင်ငံမှာ လူ့အခွင့် အရေး အခြေအနေတွေ တိုးတက်ကောင်းမွန်လာဖို့ အတွက် နိုင်ငံတကာကနေ ဆက်လက် ကူညီလုပ်ဆောင်သွားဖို့ လိုအပ်နေဆဲ ဖြစ်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တခု ဖြစ်တဲ့ နိုင်ငံ တကာ လွတ်ငြိမ်းသာခွင့် Amnesty Internaitonal အဖွဲ့ကနေ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ကကြညာချက် တစောင်ထုတ်ပြန်လိုက်ပါတယ်။

ဒီကြေညာချက်ဟာ လာမယ့် ဖေဖေါ်ဝါရီ ၂၉ ရက်နေ့ မှ ကျင်းပမယ့် ကုလသမဂ လူ့အခွင့်အရေး ကောင်စီ အစည်း အဝေးကို တင်ပြသွားမှာလည်းဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အတိုက် အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အဲဒီ ကနေ အပြတ် အသတ် အနိုင် ရရှိသွားခဲ့တာကြောင့် မကြာခင် အန်အန်ဒီ အရပ်သား အစိုးရသစ် တက်လာမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အန်အဲဒီ အစိုးရအနေနဲ့ အနေနဲ့ မများစွာသော လူ့အခွင့် အရေး ဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရဖို့ ရှိနေတယ် လို့ ဒီ Amnesty Internaiotn အဖွဲ့ရဲ့ ကြေညာချက် ထဲမှာ ဖေါ်ပြထားတယ်။

မြန်မာ နိုင်ငံ လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်နေသူ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က သုတေသီ လောရာ ဟိုက်က လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုတွေ ကို အများအပြားရင်ဆိုင်ရဖို့ရှိနေပြီး လူနည်းစု တိုင်းရင်းသားတွေကို အပေါ် ခွဲခြားဆက်ဆံတာတွေ၊ ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်း ဒေသက တိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာတွေမှာ လူ့အခွင့်အရေး ချိုးဖေါက်တဲ့ကိစ္စတွေ ငြိမ်းချမ်းစွာ နိုင်ငံရေး လှုပ်ရှားသူတွေကို ဆက်ပြီး ဖမ်းဆီးနေတဲ့ ကိစ္စတွေ ရှိနေသေးကြောင်း ပြောပါတယ်။

ဒါပေမယ့်လည်း အန်အဲဒီ အစိုးရသစ်ဟာ အရပ်သား အစိုးရဖြစ်တာနဲ့အညီ တိုင်းပြည်ကို ပုံဖေါ်တဲ့ နေရာမှာ လွတ်လပ် တရားမျှတဲ့ လူ့အဖွဲ့ အစည်းဖြစ်ဖို့ ကိတပြုတထားတာ ဖြစ်တာကြောင့် ဒီလို လူ့အခွင့် အရေး ကိစ္စရပ်တွေကို ဖြေရှင်းဖို့ ကြိုးစား ဆောင်ရွက်မှာ ကတော့ အမှန်ပါ။

ဒါပေမယ့် ဒီလို ကြိုးစား ဆောင်ရွက်ပေမယ့် လည်း ရှုပ်ထွေးမှုတွေ ရှိနေတာလို့ လောရာ ဟိုက်က ဆိုပါတယ်။

နောက်ပြီး လူ့အခွင့် အရေး အထူးကိုယ်စားလှယ် ကိုလည်း ပြန်ရုပ်ဖို့ ဆိုတာ အရမ်းစောလွန်းသေးတယ်လို့ ဆိုပါတယ်။

လူ့အခွင့် အရေး ကောင်စီရဲ့ ရဲ့ agenda နံပါတ် လေး အတိုင်း ဆက်လုပ်ဖို့ကို လူ့အခွင့် အရေး ကော်စီ ကို ဖိအားပေးလိုပါတယ်။

ဒါကတော့ သိထား စောင့်ကြည့်ဖို့ လိုတဲ့ လူ့အခွင့် အရေး အခြေအနေတွေ ရှိနေတယ် ဆိုတဲ့ အချက်ပါ။

ပြီးခဲ့တဲ့ ၅ နှစ်မှာ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့တာ ဟုတ်ပါတယ်။

ဒါပေမယ့် ခရီးဆက်ဖို့က အများကြီးလိုပါသေးတယ်။ နိုင်ငံတကာ ကနေ မြန်မာ အာဏာပိုင်တွေ အပေါ် သတိထားဖို့ ဖိအား ပေးမှုတွေ လုပ်ဖို့ ကတော့ အင် မတန်မှ အရေးကြီးသလို လိုအပ်နေပါသေးတယ် လို့ဆိုပါတယ်။

ရခိုင် ဒေသမှာဆိုရင် ရိုဟင်ဂျာ ကိစ္စတွေ နဲ့ တခြား ဒေသက ဘာသာရေး ဆိုင်ရာ အခြေအနေ တွေကို တိုင်တွယ် ဖြေရှင်းဖို့ဆိုတာ အင်မတန်ကို အခက်ခဲ့မှာ ဖြစ်ကြောင်း ဒါပေမယ့် နှောင့်နေး မနေပဲ အရင်ဉီးဆုံး လုပ်ရမှာ ကတော့ ရခိုင်ဒေသက မွတ်ဆလင် ဘာသာဝင်တွေကို လွတ်လွတ် လပ်လပ် သွားလာခွင့် ပြုဖို့ပါ။

လူ့အခွင့်အရေး ကိစ္စ အားလုံးကို ဖြေရှင်းနိုင်ဖို့ အန်အဲဒီအနေနဲ့ အခု အချိန်မှာ ဘယ်လောက်လုပ် နိုင်မလဲ ဆိုတာ ရှင်းရှင်း လင်းလင်း မသိရသေး ပါဘူးတဲ့ ။ ဒါပေမယ့် လိုအပ်တာက လူ့အခွင့် အရေး ကိစ္စ လားလုံးကို ဖြေရှင်းမယ် ဆိုပြီး စိတ်ပိုင်းဖြတ်ထားဖို့ လိုကြောင်းပြောသွားတာပါ။

စစ်တပ်ရဲ့ အခန်းကဏ္ဍကလည်း လွှတ်တော်မှာရော အခြေခံဥပဒေ ကိစ္စရပ်တွေမှာ ပါဝင်နေတာ ရယ် နောက်ပြီး အရေးကြီးတဲ့ ဝန်ကြီး နေရာတွေ ကို စစ်တပ်က ယူထားမှာ ဆိုတော့ ဒီစစ်တပ်ဟာ လူ့အခွင့် အရေး အကာအကွယ်ပေးဖို့ အတွက် အင်မတန်မှာအ ရေးကြီး တဲ့နေရာမှာ ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။

နောက်ဆုံးအနေနဲ့ကတော့နိုင်ငံတကာ အနေနဲ့ အခုတက်လာမယ့် အစိုးရကို ကူညီနိုင်တဲ့ နည်းလမ်းတွေက တော့အ များကြီးရှိကြောင်းနဲ့ လူမှုအခြေပြုအဖွဲ့တွေ တက်ကြွ လှုပ်ရှားသူတွေ ကလည်း လူ့အခွင့်အရေး မြှင့်တင်မှုတွေ လုပ်နိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာကို ဘာလုပ်ပေးစေချင်လည်း ဆိုတာ မြန်မာလူထုရဲ့ ဆန္ဒအတိုင်း ဖြစ်ပြီး၊ ဒါပေမယ့် အရေးအကြီးဆုံးက ဥပဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေပါ။ သတိထား ဂရုပြုရမယ့် ကြည့်ရမှာက နိုင်ငံရေး တတ်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးနိုင်တဲ့ ဥပဒေကို ပြုပြင်ပြောင်းလဲဖို့ ကိစ္စဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ