၈၈ပွင့်လင်း ကျောက်မဲ က စစ်ဘေးရှောင်တွေကို သွားရောက် အားပေး

  • 16 ဖေဖော်ဝါရီ 2016
Image caption စစ်ဘေးရှောင်လာသူတွေ လောလာဆယ်မှာ ၃၃၀၀ ရှိနေပြီး သူတို့ကို ဘုန်းကြီးကျောင်း နဲ့ ဘိုးဘွားရိပ်သာ စတဲ့ နေရာ ၁၅ ခုမှာ ခွဲဝေ နေရာချထား ရ (ဓါတ်ပုံ- ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း)

နိုဝင်ဘာ လ ကတည်းက စတင်ပြီးတော့ ဖြစ်ပွား နေခဲ့တဲ့ တအာင်း ပလောင် TNLA တပ်နဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း RCSS/SSA တပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် အခုဆိုရင် ကျောက်မဲ မြို့ကို စစ်ဘေးရှောင် ပြေးလာသူတွေ ၃၀၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

စစ်ဘေးရှောင် ပြေးလာ သူတွေဟာ ညဘက်တွေမှာ နေထိုင်ရာ ရွာတွေ ကနေ ထွက်ပြေး နေကြရပြီး လမ်းခရီးမှာ ကား မတော်တဆ မှုတွေကြောင့် ဒဏ်ရာ ရသူတွေရှိနေပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စစ်ဘေး ပြေးရှောင်လာသူတွေကို တင်ဆောင် လာတဲ့ ထော်လာဂျီ တစ်စီး တိမ်းမှောက် ခဲ့တာကြောင့် လူ ၄ ဦး သေဆုံး ခဲ့တယ်လို့ ကျောက်မဲမြို့ကို ကိုယ်တိုင် သွားရောက် ခဲ့တဲ့ ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်း ရဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်သူ ကိုမင်းကိုနိုင်က ဘီဘီစီကို ပြောပါတယ်။

စစ်ဘေးရှောင်လာသူတွေ ထဲမှာ ဆယ်တန်း ဖြေဆို ကြမယ့် ကျောင်းသူ၊ ကျောင်းသား တွေ အများအပြား ပါရှိနေပြီ သူတို့တွေက စာမေးပွဲ မဖြေလိုက်ရမှာ ကို စိုးရိမ်ပူပန်နေကြ တယ်လို့ ဆိုပါတယ်။

စစ်ကြောင့် ပြေးရှောင်လာရ သူတွေကို စိတ်ဓါတ် ခွန်အား ဖြစ်စေဖို့ ကျောက်မဲ ကို သွားရောက် ခဲ့တာ ဖြစ်ပြီးတော့ တစ်ကိုယ်ရေသုံး ကျန်းမာရေး ပစ္စည်းတွေ နဲ့ အခြား လိုအပ်တဲ့ ပစ္စည်းတွေကို ပေးပို့ လှူဒါန်း ခဲ့တယ်လို့ ပြောပါတယ်။

စစ်ဘေးရှောင်လာသူတွေ လောလာဆယ်မှာ ၃၃၀၀ ရှိနေပြီး သူတို့ကို ဘုန်းကြီးကျောင်း နဲ့ ဘိုးဘွားရိပ်သာ စတဲ့ နေရာ ၁၅ ခုမှာ ခွဲဝေ နေရာချထား ရတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ