မူလတန်းဆရာ တစ်သိန်းကျော်တိုးချဲ့ခန့်အပ်မယ်

  • 17 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် GETTY
Image caption ပညာရေး စနစ် ကို ပြုပြင်ပြောင်းလဲတော့မယ် ဆိုရင် ဆရာတွေရဲ့ အရည်အချင်း အပြင် နိုင်ငံတော် အစိုးရ အနေနဲ့ ဘယ်လောက် အထိ ပံ့ပိုး ပေး နိုင်သလဲ ဆိုတာ ကိုပါ ထည့်သွင်း စဉ်းစားရမှာ ဖြစ်

အခြေခံပညာ မူလတန်း ကျောင်းများမှာ ဖွဲ့စည်းပုံ ပြင်ဆင် ပြောင်းလဲပြီး ဆရာ တွေ တစ်သိန်းကျော် တိုးချဲ့ ခန့်ထားမယ်လို့ ပညာရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၉ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ် ပြည်ထောင်စု အစိုးရ အဖွဲ့ အစည်းအဝေး သဘောတူညီချက် အရ မူလတန်း ကျောင်း တစ်ကျောင်းမှာ ကျောင်းအုပ်တစ်ဦး၊ မူလတန်းပြ ဆရာ ၆ ဦး၊ ပြီးတော့ အထွေထွေ လုပ်သား တစ်ဦး တို့နဲ့ ပြင်ဆင် ပြောင်းလဲ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။

ဒါပေမယ့် နယ်မြို့တွေက ကျောင်းတွေမှာ ဆရာ ၂ ဦး ၃ ဦးသာ ရှိနေပြီး ဆရာ အချိုးအစား မညီမျှတာတွေ၊ တကယ် လိုအပ်နေတဲ့ နေရာတွေမှာ ဆရာ မရှိပဲ၊ မလိုအပ်တဲ့ နေရာတွေမှာ ဆရာတွေ ပိုနေတယ်လို့ အခြေခံပညာ ဦးစီးဌာန ဦးစီး အရာရှိ ဦးငွေတိုးက ပြောပါတယ်။

သိန်းနဲ့ချီပြီး အရည်အချင်း ပြည့်ဝတဲ့ ဆရာတွေ ရအောင် ရှာဖို့ အတွက် ပညာရေး ကောလိပ်တွေကနေ ရှာဖွေမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

လေ့ကျင့်သား ပြည့်ဝတဲ့ ဆရာ ကောင်းတွေ ဖြစ်လာဖို့ အတွက် နှစ်ချီ လေ့ကျင့် ခဲ့ရပြီး လတ်တလော သိန်းနဲ့ချီတဲ့ ဆရာတွေ ဖြည့်တင်း ရမယ်ဆိုတဲ့ အတွက် အခက်အခဲတွေ ရှိနိုင်တယ်လို့ ပြောပါတယ်။

ပညာရေး ဝန်ကြီး ဌာနက ထုတ်ပြန်တဲ့ အမိန့်စာ ထွက်လာခဲ့ပြီး ဖြစ်ပေမယ့် အခု ပညာသင် နှစ်မှာ ဆရာ အင်အား ဖြည့်တင်းမှာလား၊ ဒါမှမဟုတ် ဘယ်အချိန်မှာ ဖြည့်တင်းမှာလဲ ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ပညာရေး စနစ် ကို ပြုပြင်ပြောင်းလဲတော့မယ် ဆိုရင် ဆရာတွေရဲ့ အရည်အချင်း အပြင် နိုင်ငံတော် အစိုးရ အနေနဲ့ ဘယ်လောက် အထိ ပံ့ပိုး ပေး နိုင်သလဲ ဆိုတာ ကိုပါ ထည့်သွင်း စဉ်းစားရမှာ ဖြစ်တယ်လို့ ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ