တိုင်းရင်းမီဒီယာတွေကို ဦးစားပေးဖို့တောင်းဆို

  • 18 ဖေဖော်ဝါရီ 2016
Image caption တိုင်းရင်းသား ဒေသ ဖွံ့ဖြိုးရေး နဲ့ ပါတ်သက်လို့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ဖော်ပြ ပေးနိုင်ဖို့ အတွက် တိုင်းရင်းသား သတင်းဌာန တွေရဲ့ အခန်း ကဏ္ဍဟာ အရေးပါ

ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ စတုတ္ထ အကြိမ်မြောက် တိုင်းရင်းသား မီဒီယာ ညီလာခံကို ကျင်းပခဲ့ပါတယ်။

ပြည်တွင်း ပြည်ပ သတင်း ဌာန တွေမှာ လုပ်ကိုင် နေကြတဲ့ မီဒီယာ သမား ၃၀၀ ကျော် တက်ရောက် ခဲ့ကြပါတယ်။

အဆိုပါ ညီလာခံမှာ ရခိုင် ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လွှတ်တော်မှာ တိုင်းရင်းသား မီဒီယာတွေက သတင်းသမားတွေ လွတ်လွတ်လပ်လပ် သတင်းရယူခွင့်နဲ့ တိုင်းရင်းသား မီဒီယာ တွေ ဖွံ့ဖြိုးရေး အတွက် အစိုးရ ဆီက ငွေကြေး အထောက်အပံ့ ရယူဖို့ စတဲ့ ဆုံးဖြတ် ချက်တွေ ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။

လွှတ်တော် သတင်းရယူ ခွင့်နဲ့ ပါတ်သက်လို့ မီဒီယာ ကြီးတွေနဲ့ နှိုင်းယှဉ်တဲ့ အခါမှာ တိုင်းရင်းသား မီဒီယာတွေ ဘက်က အမြဲတမ်း နောက်တန်း ရောက် နေတဲ့ အတွက် အခုလို တောင်းဆို ခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အစိုးရ ဆီက အထောက်အပံ့ ရယူဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ တိုင်းရင်းသား မီဒီယာတွေဆီမှာ အမှီအခို အနှောင့်အဖွဲ့ ကင်းတဲ့ အထောက်အပံ့ မျိုးကိုပဲ ရယူ သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

တိုင်းရင်းသား ဒေသ ဖွံ့ဖြိုးရေး နဲ့ ပါတ်သက်လို့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ဖော်ပြ ပေးနိုင်ဖို့ အတွက် တိုင်းရင်းသား သတင်းဌာန တွေရဲ့ အခန်း ကဏ္ဍဟာ အရေးပါ တဲ့ နေရာမှာ ရှိနေတယ်လို့ BNI က အမှုဆောင် ဒါရိုက်တာ တစ်ဦး ဖြစ်တဲ့ ကိုညိုမင်း က ပြောကြား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ