၈တန်း မေးခွန်းလွှာ စကားရပ် ကိစ္စ စုံစမ်း

  • 18 ဖေဖော်ဝါရီ 2016
Image caption တရုတ်ပြည်သူသမ္မတ မြန်မာနိုင် ငံမှာ အများစု နေထိုင်တဲ့လူမျိုးတွေကြောင်းဖြေဆိုပါ ဆိုပြီး မှားယွင်း ခဲ့တာ ဖြစ်

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်းက ပဲခူးတိုင်း ဒေသကြီး က အဋ္ဌမတန်း ကျောင်းသား တွေဖြေဆိုရတဲ့ အတန်းတင် စာမေးပွဲ မေးခွန်း တစ်ခုမှာ တရုတ်ပြည်သူ့ သမ္မတ မြန်မာနိုင်ငံတော် လို့ ဖော်ပြထားတဲ့ အတွက် ကြောင့် ကျောင်းသား မိဘတွေက မကျေမနပ် ဖြစ်နေကြပါတယ်။

ပဲခူးတိုင်း ဒေသကြီး ပညာရေးမှူးရုံးက ထုတ်တဲ့ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် အတွက် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မနက်မှာ ဖြေဆိုရတဲ့ အဋ္ဌမတန်း ပထဝီဝင် မေးခွန်း လွှာ ပထဝီ ဘာသာရပ်မေးခွန်း မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

အဆိုပါ မေးခွန်းလွှာရဲ့ တစ်မှတ်တန် မေးခွန်းမှာ တရုတ်ပြည်သူသမ္မတ မြန်မာနိုင် ငံမှာ အများစု နေထိုင်တဲ့လူမျိုးတွေကြောင်းဖြေဆိုပါ ဆိုပြီး မှားယွင်း ခဲ့တာ ဖြစ်ပါ တယ်။

ပဲခူးတိုင်း အတွင်းမှာ ရှိတဲ့ မြို့နယ် ၂၈ မြို့နယ်မှာ မေးခွန်းတွေ ဝေငှ ခဲ့တာ ဖြစ်ပြီး မြန်မာ နိုင်ငံဟာ တရုတ် ရဲ့ လက်အောက်ခံ ပြည်နယ်မျိုး ဖြစ်စေတဲ့ မေးခွန်း မျိုးမို့ လူတွေ မကျေမနပ် ဖြစ်နေကြတယ်လို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်မူမူခင်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက် ပြီး အခြေခံပညာ ဦးစီးဌာန ကို ဘီဘီစီက ဆက်သွယ်ဖို့ မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ် လို့ မရခဲ့ပါဘူး။

နိုင်ငံတော် သမ္မတ ရုံးကတော့ အခုလို မေးခွန်းလွဲမှားမှု ကိစ္စကို စုံစမ်းမှုတွေ လုပ်နေတယ်လို့ အတည်ပြု ပြောကြားပါတယ်။

သာယာဝတီ ခရိုင် က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်မူမူခင် ကတော့ ဒီ မေးခွန်းလွဲမှားတာနဲ့ ပတ်သက်ပြီး တိုင်း ဒေသကြီး အစိုးရကို နောက်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ မေးမြန်းသွားမှာ ဖြစ်တယ်လို့ ပြောကြား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ