လွှတ်တော်ကိုဝေဖန်တာ အချုပ်အခြာအာဏာ ထိပါးတာလို့ဆို

  • 18 ဖေဖော်ဝါရီ 2016
Burma MPs
Image caption ကိုယ်စားလှယ်တွေကို စွမ်းရည်မြှင့် သင်တန်းတွေ ပေးနေ

လွှတ်တော် ကိုယ်စားလှယ်တွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီ နဲ့ စွမ်းရည်မြှင့် သင်တန်းတွေ ပေးနေတာ အပေါ် အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေမှာ ဝေဖန်နေတာတွေနဲ့ ပတ်သက်လို့ ပြည်ထောင်စု လွှတ်တော် ရုံးက တုံ့ပြန်လိုက် ပါတယ်။

ဥပဒေပြုရေး အပါအဝင် လွှတ်တော်ရဲ့ အဓိက တာဝန်တွေကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ အခုလို သင်တန်းတွေ ပေးနေတာလို့ ပြည်ထောင်စု လွှတ်တော်ရဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

နိုင်ငံခြားသားတွေနဲ့ သင်တန်းတွေလုပ်တာ ဟာ အချုပ်အချာအာဏာကို ထိပါးတဲ့သဘောမျိုး လူမှု ကွန်ရက်တွေမှာ ရေးသားထားပြီး ဖွဲ့စည်းပုံရဲ့ ဘာပုဒ်မနဲ့ ငြိတယ် ဆိုတာ ဖော်ပြမထားဘူး၊ အဲဒီ ဝေဖန်မှုတွေဟာ အခြေ အမြစ် မရှိဘူးလို့ အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

အဲဒီပြောဆိုမှုတွေဟာ လွှတ်တော်ကို ပုတ်ခတ်တာ ဖြစ်လို့ တရားဥပဒေအရ အရေးယူလို့ ရကြောင်းလည်း သူက ပြောပါတယ်။

ပြည်ထောင်စု လွှတ်တော်က ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP နဲ့ နိုင်ငံတကာ ပါလီမန်များ အဖွဲ့ IPU တို့ အပါအဝင် နိုင်ငံတကာ အဖွဲ့ အစည်းတွေရဲ့ အကူအညီနဲ့ လွှတ်တော် ကိုယ်စားလှယ် တွေကို သင်တန်းတွေ ပေးနေတာဟာ တရားဝင် ဖြစ်ကြောင်း ကြေညာတဲ့ အနေနဲ့ အခုလို ကြေညာချက် ထုတ်ပြန်ရတာလို့ ဦးဝင်းထိန်က ပြောပါတယ်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ချောမွေ့စေဖို့အလေးထား လုပ်ဆောင်နေချိန်မှာ မလိုလားအပ်တဲ့၊ အပြုသဘောမဆောင်တဲ့ ရေးသားဖော်ပြချက်တွေကို ပြည်သူတွေ သတိပြု ဆင်ခြင်ဖို့လည်း လွှတ်တော်က ကြေညာချက်မှာ သတိပေးထားပါတယ်။

ဒါနဲ့ ပတ်သက်လို့ လွှတ်တော်တွင်းမှာ နိုင်ငံခြားသားတွေ အတွေ့အကြုံလာရောက်ဖလှယ်ပေးတာ အကြံပေးတာတွေကို လူမှုကွန်ရက်မှာ ပုတ်ခတ် ရေးသားကြတာကို ပြည်သူလူထု ထင်ယောင်ထင်မှား ဖြစ်မှာ စိုးရိမ်တဲ့ အတွက် ထည့်သွင်း ဖော်ပြတာလို့ ဦးဝင်းထိန်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ