UNFC က အဖွဲ့အားလုံး ပါဝင်ရေးမူနဲ့ ချဉ်းကပ်မယ်

  • 20 ဖေဖော်ဝါရီ 2016
Image caption မြန်မာ နိုင်ငံမှာ ဖြစ်ပွား နေတဲ့ တိုက်ပွဲတွေဟာ နိုင်ငံရေး နည်းနဲ့ ဖြေရှင်းမှပဲ ပြေလည် နိုင်မှာ ဖြစ်တယ်လို့ UNFC ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာ က ဘီဘီစီကို ပြော

တိုင်းရင်းသား လက်နက် ကိုင် တပ်ပေါင်းစု ဖြစ်တဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင် မြို့မှာ ကျင်းပ နေပါတယ်။

ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD ဦးဆောင်တဲ့ အစိုးရသစ် ပေါ်ပေါက် လာတဲ့ အခါ အပြည့်အဝ မအောင်မြင် နိုင်သေးတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စ ကို ဆက်လက် ဆွေးနွေး နိုင်ဖို့ အတွက် UNFC ရဲ့ ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့ ထားရှိ နိုင်ရေး ကို ဆွေးနွေး ခဲ့ကြပါတယ်။

မြန်မာ နိုင်ငံမှာ ဖြစ်ပွား နေတဲ့ တိုက်ပွဲတွေဟာ နိုင်ငံရေး နည်းနဲ့ ဖြေရှင်းမှပဲ ပြေလည် နိုင်မှာ ဖြစ်တယ်လို့ UNFC ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာ က ဘီဘီစီကို ပြောပါတယ်။

NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ထုတ်ဖော်ပြောကြား ခဲ့တဲ့ စကားတွေ အရ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပိုပြီး ပြေလည်မှု ရနိုင်မယ်လို့ ယုံကြတယ် လို့လည်း ပြောပါတယ်။

ဒါပေမယ့် NLD ဘက်က ဒီကနေ့ အထိ တစ်စုံတစ်ရာ ကမ်းလှမ်းတာမျိုး မရှိသေး ဘူးလို့လည်း ပြောပါတယ်။

ဒါကလည်း NLD အနေနဲ့ တရားဝင် အစိုးရ မဖွဲ့ရသေးတဲ့ အတွက် လုပ်ပိုင်ခွင့် မရှိသေးလို့ ဖြစ်မယ်လို့ ဆက်ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း အဖွဲ့အားလုံး ပါဝင်ရေး မူကိုပဲ လက်ကိုင် ထားခဲ့ပြီး နောက်အစိုးရ လက်ထက်မှာလည်း အလုံးစုံ ပါဝင်ရေး မူနဲ့ပဲ ချဉ်းကပ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

တစ်နိုင်ငံလုံး အပြစ်အခတ် ရပ်စဲရေးမှာရော ငြိမ်းချမ်းရေး ညီလာခံမှာပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံး ပါဝင်မှာသာ လျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကို ရရှိမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ