ပက်ဂျေဆန် ဘိန်းခင်းဖျက်အဖွဲ့ ဝိုင်းမော်မြို့ပြင် သောင်တင်ဆဲဖြစ်နေ

  • 21 ဖေဖော်ဝါရီ 2016
_pat_jasan_kachin_poppy_
Image caption သူတို့ စိုက်ခင်း သီးနှံ တွေကို ဖျက်ရင် လက်တုံ့ပြန်မယ် ဆိုပြီး ဘိန်းစိုက် တောင်သူ တွေ က ပြောထား။

ကချင် ပြည်နယ် ဝိုင်းမော် မြို့ပြင်၊ ဝိုင်းမော်- ကန်ပိုက်တီ ကားလမ်းဘေး မှာ အင်အား ထောင်ကျော် တဲ့ ဘိန်းခင်း ဖျက် ပက်ဂျေဆန် ခရစ်ယာန် အဖွဲ့ နဲ့ တားဆီးသူ အစိုးရ စစ်တပ် အပါအဝင် လုံခြုံရေး တပ် ဖွဲ့ တွေ အကြား ထိပ်တိုက်တိုး ကာ တစ်နေရာတည်း ၅ ရက်ကျော် ဆက်လက် သောင်တင်နေ ကြဆဲ ဖြစ်ပါတယ်။

သူတို့ စိုက်ခင်း သီးနှံ တွေကို ဖျက်ရင် လက်တုံ့ပြန်မယ် ဆိုပြီး ဘိန်းစိုက် တောင်သူ တွေ က ပြောထားတာ ကြောင့် ပဋိပက္ခ ပေါ်ပေါက် လာမှာ ကို အာဏာပိုင်တွေ ဘက်က စိုးရိမ်တယ် လို့ ဝိုင်းမော်မြို့နယ်က ရဲအရာရှိ တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

စစ်ဝတ်စုံ ယူနီဖောင်း တွေ လို ဝတ်ဆင် ထားကြ သူတွေ ပါဝင်တဲ့ ဘိန်းခင်းဖျက် အဖွဲ့ဝင် တွေ ဘက်ကတော့ ဒေသတွင်း ဘိန်း အပါအဝင် မူးယစ် အန္တရာယ် အင်မတန် ဆိုးရွား လွန်း နေလို့ ဘိန်းခင်းတွေ ကို လိုက်လံ ဖျက်စီး နေကြတာ လို့ ဆိုပါတယ်။

ဖေဖေါ်ဝါရီ ၂၁ ရက် တနင်္ဂနွေ နေ့ မှာတော့ အဲဒီ့ နေရာကို ပတ်ဝန်းကျင် ဝိုင်းမော်၊ မြစ်ကြီးနား၊ ဖားကန့် နဲ့ မိုးညှင်း စတဲ့ မြို့ပေါ် က သူတွေ နောက်ထပ် အင်အား ထောင်ချီ လာရောက် စုရုံးကြပြီး၊ ဘာသာရေး ဝတ်ပြု ဆုတောင်းတာ တွေ၊ ဟောပြောတာ တွေ ပြုလုပ် ခဲ့ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ