ပေါက်ကြားမေးခွန်း အင်တာနက်တင်သူ အဖမ်းခံရ

exam papers
Image caption မေးခွန်းအမှားနဲ့ မေးခွန်းပေါက်ကြားမှုများ အငြင်းပွားဖွယ်ဖြစ်နေ

စာမေးပွဲ မတိုင်ခင် ကြိုတင် ပေါက်ကြား ခဲ့တဲ့ မေးခွန်း လွှာတွေကို အင်တာနက် စာမျက်နှာ ပေါ်တင် ခဲ့တဲ့ အတွက် အမျိုးသား တယောက်ကို မကွေးမြို့ မြို့မ ရဲစခန်းက အီလက် ထရောနစ် ဆက်သွယ်ရေး ပုဒ်မနဲ့ အမှုဖွင့် ဖမ်းဆီး လိုက်ပါတယ်။

အဖမ်းဆီး ခံရသူ အမျိုး သားဟာ ပညာရေး ဝန်ထမ်း မဟုတ်ဘဲ သာမန် အရပ်သား တယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

ချောက်မြို့ မှာလည်း ပညာရေး ဌာနက ဝန်ထမ်း တချို့အပါအဝင် မူလတန်း ကျောင်းအုပ် ၄ ယောက်ကို ဖမ်းဆီး စစ်ဆေးမှုတွေ ပြုလုပ် နေပါတယ်။

မြန်မာနိုင်ငံမှာ မေးခွန်းပေါက်ကြားမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပေမယ့် အခုတကြိမ် မေးခွန်းပေါက်ကြားမှုဟာ အင်တာနက် လူမှုကွန်ရက်တွေကတဆင့် အများပြည်သူလူထုအကြားမှာ ကျယ်ကျယ်ပြန့်ပြန့် သိရှိကျော်ကြားသွားရာကနေ အခုလို အရေးယူမှုတွေဖြစ်လာတာလည်း ဖြစ်ပါတယ်။