ပုဒ်မ ၅၉ မပြင်ဖို့ ထုတ်ဖော် ခဲ့ကြ

  • 28 ဖေဖော်ဝါရီ 2016
Image caption ဒ်မ ၅၉ ပြင်ဆင်တာကို ဆန့်ကျင်ကြောင်း တပ်မတော်ဘက်ကလည်း သူတို့ရဲ့ သဘောထားကို ပြတ်ပြတ်သားသား ပြော

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်စိန်မှန် ကွင်းမှာ အခြေခံ ဥပဒေ ၅၉ ထောက်ခံပွဲကို အမျိုးသားရေး အင်အားစုတွေ စုပေါင်း ကျင်းပ ခဲ့ပါတယ်။

၂၀၀၈ ဖွဲစည်းပုံအခြေခံ ဥပဒေ ထဲက သမ္မတဖြစ်သူအတွက် အရည် အချင်း သတ်မှတ် ထားတဲ့ ပုဒ်မ ၅၉ ကို ဆိုင်းငံ့တာ ပြင်ဆင်တာ တွေ လုပ်လာမယ်ဆိုရင် အမျိုးသားရေး အင်အားစုတွေနဲ့ ထိပ်တိုက်တွေ့ဖို့ရှိတယ် လို့ ပုဒ်မ ၅၉ ထောက် ခံသူ အမျိုးသားရေးအင်အားစု တွေကပြောလိုက်ပါတယ်။

အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေ ကဦးဆောင်ကျင်းပပေမယ့် ခါတိုင်း တွေ့ နေကြ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ဝင် ဦးဆောင် ဆရာတော်တွေ တက်ရောက်တာ မတွေ့ ရပါဘူး။

အဖြူရောင် တီရှပ်ပေါ်မှာ အဝါရောင် အနီရောင်တွေ သုံးပြီး ရေးထားတဲ့ မြန်မာ့ နောင်ရေး စိတ်အေးဖို့ ပုဒ်မ ၅၉ ကိုထောက်ခံစို့ ဆိုပြီး တူညီ ဝတ်စုံ ဝတ်ထားသူ ၃၀၀ ကျော်လောက် ဟာ လာရောက်ပြီး နားထောင် ခဲ့ကြပါတယ်။

ဦးဆောင် ဟောပြော သူ မြန်မာ အမျိုးသားရေးကွန်ယက်က ဥက္ကဌ ဦးဝင်းကိုကိုလတ် က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို လက်ခံ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ဥပဒေ ကို လေးစား လိုက်နာ ဖို့ ပြောကြား ခဲ့ပါတယ်။

ပွဲမှာဦးဝင်းကိုကိုလတ်အပြင် ရှေ့နေ ဦးအေးပိုင်၊ ဒေါ်ခင်ဝိုင်းကြည်နှင့် ကိုနေမျိုးဝေတို့က ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက ပုဒ်မ ၅၉ ကို ထောက်ခံတဲ့ လက်မှတ်စုဆောင်းမှုတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ထောက်ခံ ခဲ့ကြသူ အဖွဲ့ တွေဟာအရင်ကလည်း လွှတ်တော်ကို မျိုးစောင့် ဥပဒေအတည်ပြုရေးနဲ့ ပတ်သက် ပြီးဦးဆောင်ခဲ့ ကြသူတွေ ဖြစ်ပါတယ်။

လက်ရှိရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရဲ့ အစိုးရဖွဲ့ ဖို့ နဲ့ ဒေါ်အောင်ဆန်းစု ကြည်သမ္မတ ဖြစ်ရေးအဟန့်အတား ဖြစ်နေတဲ့ပုဒ်မ ၅၉ ဆိုင်းငံ ပြင်ဆင်ရေး လှုပ်ရှားမှု တွေကို အဓိက ဦးတည်ပြီး ဝေဖန်တာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရစီ အဖွဲ့ချုပ် ပါတီက အတင်းအကြပ် ကြိုးစားမှု တွေလုပ်လာရင် သူတို့ ဘက်ကလည်း ဆန့် ကျင်တဲ့ လှုပ်ရှားမှု တွေလုပ် မယ့် အပြင်စစ်တပ် က အာဏာ သိမ်းပြီး စစ်အုပ်ချုပ်ရေး တွေ ဖြစ်လာနိုင်ကြောင်း ကိုပါ သတိပေး ပြောကြား တာတွေ့ခဲ့ရပါတယ်။

အလားတူပဲ ပုဒ်မ ၅၉ ပြင်ဆင်တာကို ဆန့်ကျင်ကြောင်း တပ်မတော်ဘက်ကလည်း သူတို့ရဲ့ သဘောထားကို ပြတ်ပြတ်သားသား ပြောထားပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောခဲ့တဲ့ မိန့်ခွန်းတွေထဲမှာ မြန်မာနိုင်ငံမှာ သစ္စာမဲ့တဲ့ လုပ်ရပ်တွေကြောင့် လွတ်လပ်ရေး ဆုံးရှုံးခဲ့ရပြီး တိုင်းပြည်ပြိုကွဲမယ့် အန္တရာယ်ကို တပ်မတော်က ထိန်းသိမ်း ကာကွယ်ခဲ့ရတယ်လို့ ပြောသွားတာ တွေ့ရပါတယ်။

အခုလို အချိန်မျိုးမှာ ဘာ့ကြောင့် ဒီလို ပြောခဲ့တာလဲ ဆိုတာ စဉ်းစားစရာ ရှိနေပြီး သူ့ပြောဆိုချက်နဲ့ လွှတ်တော်မှာ စစ်တပ်ကိုယ်စားလှယ်တွေ ထကန့်ကွက်တာတွေကို ကြည့်ခြင်းအားဖြင့် NLD နဲ့ တပ်မတော်ကြားမှာ အမျိုးသားသင့်မြတ်ရေး လမ်းကြောင်းပေါ်ကို မတက်နိုင်သေးဘူးလို့ ယူဆရကြောင်း နိုင်ငံရေး အကဲခတ် ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

NLD အနေနဲ့ကတော့ တတ်နိုင်သလောက် လိုက်လျောပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေ့ရှု ဆောင်ရွက်သွားမယ့် သဘောမျိုး ရှိနေတယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ