တအောင်းပလောင်ဒေသထဲ TNLA နဲ့ အစိုးရတပ် တိုက်ပွဲ ဖြစ်ပြန်

  • 28 ဖေဖော်ဝါရီ 2016
_tnla_troops_ ဓာတ်ပုံ မူပိုင် AP
Image caption အစိုးရ သစ် ပေါ်ပေါက် လာမှပဲ ငြိမ်းချမ်းရေး ကိစ္စ ပြန်လည် စတင် နိုင်ဖို့ မျှော်လင့် ထား။

ရှမ်းပြည်နယ် တအောင်း ပလောင်ဒေသ မှာ ဒေသခံ တအောင်း ပလောင် လက်နက်ကိုင် တပ် TNLA နဲ့ တပ်မ ၇၇ လက်အောက်ခံ အစိုးရ စစ်တပ် အကြား ဖေဖေါ်ဝါရီလ ၂၈ ရက် တနင်္ဂနွေ နေ့ က တိုက်ပွဲ နှစ်ကြိမ် ဖြစ်ခဲ့တယ် ဆိုပြီး TNLA ဘက်က ပြောပါတယ်။

အစိုးရ စစ်တပ်ဘက် က အကျအဆုံး ရှိတယ် လို့ TNLA က ပြောပေမယ့် သီးခြား အတည်ပြုချက်တော့ မရရှိ နိုင် သေးပါဘူး။

နမ့်ဆန် ဒေသ ကို အခု ရက်ပိုင်း တွေ အတွက် အစိုးရ စစ်တပ် ဘက်က အင်းအား အလုံးအရင်း ဖြည့်တင်း လာနေတဲ့ အတွက် ထိတွေ့မှု တွေ ထပ်ပြီး ဖြစ်လာ နိုင်တယ် လို့ လို့ TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်အိုက်ကျော် က ဘီဘီစီ ကို ပြောပါတယ်။

နမ့်ခမ်း ဘက် မှာလည်း TNLA နဲ့ ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA တို့ကြား ပြီးခဲ့တဲ့ တနင်္လာ နေ့က တိုက်ပွဲ ဖြစ် ခဲ့ပြီးတဲ့ နောက် ပိုင်း ထိတွေ့မှု ထပ်မံ မဖြစ် တော့ပေမယ့် အခြေအနေဟာ တင်းမာ နေဆဲ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

လက်ရှိ မှာတော့ အစိုးရနဲ့ TNLA အကြား ငြိမ်းချမ်းရေး အတွက် ပြောဆို ဆွေးနွေးမှု တွေ အားလုံး ရပ်တန့် နေပြီး အစိုးရ သစ် ပေါ်ပေါက် လာမှပဲ ငြိမ်းချမ်းရေး ကိစ္စ ပြန်လည် စတင် နိုင်ဖို့ မျှော်လင့် ထားတယ် ဆိုပြီး ဗိုလ်မှူး မိုင်အိုက်ကျော် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ