ကြံခိုင်ရေးပါတီ ဘာလုပ်နေသလဲ

  • 2 မတ် 2016
USDP ဓာတ်ပုံ မူပိုင် AP
Image caption အောက်ခြေကစလို့ ပြန်လည်ဖွဲ့စည်းဖို့ပြင်

ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက ရွေးကောက်ပွဲ အပြီးမှာ ပါတီကို ပြန်လည်ဖွဲ့စည်းဖို့ ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရ ပြီး အစိုးရဖွဲ ကို ဦးဆောင်ခဲတဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ဟာ ၂၀၁၅ ရွေးကောက်ပွဲ မှာတော့ ပြည်ထောင်စု အဆင့်မှာ လွှတ်တော် နှစ်ရပ်ပေါင်း နေရာ ၆၀၀ ကျော်မှာ ၄၀ ကျော် ပဲ အနိုင်ရခဲ့ပါတယ်။

လာမယ့် မတ်လ ၃ဝရက် နေ့မှာ တော့ ရွေးကောက်ပွဲ မှာ အများစု အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို အာဏာလွှဲပြောင်း ပေးရတော့မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ အရှုံးကြီး ရှုံးခဲ့ရတာနဲ့ ပတ်သက်ပြီး အကြောင်းရင်းတွေကို ပြန်ဆန်းစစ် သုံးသပ်လို့ အားနည်းချက်တွေကို ပြင်ဆင်ဖို့ လုပ်နေတယ်လို့လည်းဆိုပါတယ်။

ဓာတ်ပုံ မူပိုင် bbc
Image caption ညီလာခံကို ဇူလိုင်လလောက်မှာ ကျင်းပဖို့ ရှိတယ်လို့ ဦးပိုက်ထွေးပြော

ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရင်းနှီးတဲ့ အဖွဲ့အစည်းတွေက ပါတီကို ပြန်လည်ဖွဲ့စည်းဖို့ အကြံပြုကြတဲ့အတွက် အောက်ခြေ ရပ်ကွက် ကျေးရွာအဆင့် ကစလို့ ထိပ်အထိ ပြင်ဆင် ဖွဲ့စည်း သွားမယ်လို့ ဦးပိုက်ထွေးက ပြောပါတယ်။

အဲဒီလို ပြင်ဆင်ဖွဲ့စည်းမှုကို ဇူလိုင်လလောက်မှာ ကျင်းပမယ့် ပါတီ ညီလာခံကစလို့ အကောင်အထည် ဖော်သွားမှာ ဖြစ်ပြီး လက်ရှိ ခေါင်းဆောင်တွေလည်း မိမိ ဆန္ဒအလျှောက် ပြန်အရွေးခံ နိုင်ကြမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ပါတီရဲ့ ဒုတိယဥက္ကဌ အဖြစ် တာဝန်ယူခဲ့သူ သူရဦးရွှေမန်းလည်း ပါတီဝင်အဖြစ် ဆက်ရှိနေသေးပြီး နောင်တစ်ချိန်မှာ ပါတီတွင်း ဆက်နေမနေ ကတော့ သူ့ဆန္ဒအတိုင်းသာ ဖြစ်လိမ့်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟို အတွင်းရေးမှူး ဦးပိုက်ထွေးက ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ