အမေရိကန် သံအမတ်နဲ့ သီးသန့် မေးမြန်းခန်း

  • 3 မတ် 2016
Image caption ဘီဘီစီ သတင်းထောက် ကိုတင်အောင်ကျော်က သံအမတ်ကြီး ကို မေးမြန်းခဲ့တာပါ

မေး - နှစ်ပေါင်း များစွာ မြန်မာက အထီးကျန်ခဲ့ အပြီး ပထမဆုံး ပြန်တာဝန် ယူရတဲ့ အမေရိကန် သံအမတ် အနေနဲ့ မြန်မာ အပေါ် ချမှတ် ထားတဲ့ အမေရိကန်ရဲ့ မူဝါဒတွေကို သံအမတ်ကြီး အနေနဲ့ ဘယ်လို အကောင် အထည် ဖော်ခဲ့ပါ သလဲ။

ဖြေ - မြန်မာနိုင်ငံ ကို နှစ်ပေါင်း များစွာ ပိတ်ပိတ်ဆို့မှု တွေ အထီး ကျန်မှုတွေ ထားပြီး ဆက်ဆံတာ ထက်စာ ရင် ထိတွေ့ဆက်ဆံ တာက ပိုပြီး အလုပ် ဖြစ်မလား ဆိုတာ စမ်းကြည့်ဖို့ အိုဘားမား အစိုးရ တက်လာတဲ့ အချိန်မှာ စပြောပါတယ်။ အဲဒီ နောက်ပိုင်း နိုင်ငံခြားရေး ခရီးစဉ် နဲ့ ကျွန်တော် လိုက်လာတယ် ၂၀၁၁ မှာ အပြောင်းလဲ တွေ စတွေ့တယ် အဲဒီ အပြောင်းအလဲ အပေါ် မှာ ကျွန်တော် တို့ စလုပ်ပါတယ်။ ၂၀၁၂ မှာ ကျွန်တော် သံအမတ် ဖြစ်လာပြီး အပြောင်းလဲ တွေ ကို ကူညီပါတယ် အခု ချိန်ထိ ဒီက ပြုပြင် ပြောင်းလဲ မှုတွေ ကို ကျေနပ် ပါတယ်။ ဒါပေမယ့် လုပ်စရာတွေ အများ ကြီး ကျန်ပါ သေးတယ်။

မေး - အခု NLD နဲ့ ဒီမိုကရေစီ အုပ်စုတွေ အာဏာ ရဖို့ ဖြစ်လာပြီ ဒါဟာ အမေရိကန်ရဲ့ မြန်မာ အပေါ် ထားတဲ့ မူဝါဒ တစိတ် တပိုင်း ပြီးမြောက်တယ်လို့ ထင်ပါသလား။

ဖြေ - မြန်မာ နိုင်ငံ ပေါ် ထားတဲ့ အမေရိကန် နိုင်ငံ ခြားရေး မူဝါဒ ဟာ ဒီမိုကရစီ တစ်ခု ထဲမှာတင် ရပ်နေမှ မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့ ရည်မှန်းချက် ထဲက တစ်ခု ပါဘဲ ကျွန်တော် တို့က မြန်မာ နိုင်ငံမှာ ဒီမိုကရေစီ နဲ့ လူ့ အခွင့် အရေးတွေ လေးစားဖို့ အရပ်သား အစိုးရ တစ်ရပ်ပေါ် လာဖို့ ပါ။ ဒါတွေအားလုံးက ဆက်သွားရဦး မှာပါ အခု မှအစဘဲ ရှိပါ သေးတယ်။ လူ့ အဖွဲ့ အစည်းတွေ အားကောင်းလာဖို့ ငြိမ်းချမ်းရေး ရဖို့ စီးပွါးရေး ဖွံ့ဖြိုးဖို့ နိုင်ငံရေး အကျဉ်းသားတွေ မရှိ ဖို့ အမေရိကန် နိုင်ငံ က ရေရှည် အကူညီပေး သွားမှာပါ။ ကျွန်တော် ပြောခဲ့ သလိုပါဘဲ ဒါဟာ အစ ဘဲ ရှိပါသေးတယ်။ အုတ်မြစ် ကတော့ ချ ပြီးပါပြီ ဒီထက် ပိုပြီး တိုးတက် ဖို့ ကို တော့ ဆက်ပြီး လုပ်ရ မှာပါ။

မေး - အမေရိကန် စီးပွားရေး လုပ်ငန်းတွေ မြန်မာကို ဝင်လာဖို့ အချိန်ကျ ပြီလို့ သံအမတ်ကြီး ထင်ပါသလား။

ဖြေ - ကျွန်တော် တို့စီးပွါးရေး သမားတွေ ကိုပြောပါတယ် ဒီ အချိန်ဟာ မြန်မာနိုင်ငံ ကိုလာ ပြီး လေ့လာ ကြဖို့ ကြည့်ဖို့ အချိန်ကောင်း ဘဲ လို့ အမေရိကန် စီးပွါးရေး လုပ်ငန်း တွေ ကို ဒီက လူတွေက သဘော ကျကြပါတယ် အမေရိကန် လုပ်ငန်းခွင် သင်တန်းတွေ ပေးပါတယ်။ အလုပ် အကိုင် သစ်တွေ ဒီက ဒေသခံတွေ အတွက် ဖန်းတီး ပေးတယ်။ သူတို့ဟာ ဒီတိုင်းပြည်က ရသမျှ ယူသွား တာတင် မဟုတ်ဘဲ ဒေသခံ တွေ အတွက် ပါ အခွင့် အရေးတွေ ပေးပါတယ်။ တစ်ခုခု အမြဲတန်း ထားခဲ့ပါတယ်။ နောက်ကျွန်တော် ပြောပါတယ်။ ဒီမှာ ရှိတဲ့ အခြေအနေတွေ ကို လက် ခံနားလည်ဖို့ လိုသလို တာဝန်ခံ မှု တာဝန်ယူ မှုတွေ နဲ့ လုပ်ဖို့လိုပါတယ်။ ဒီမှာ စီးပွါးရေး လုပ်ဖို့ ကျွန်တော် တို့ အားပေး ပါတယ် ဒါပေမယ့် တာဝန်သိ ပုံစံ နဲ့ ချည်းကပ်ဖို့ လိုပါတယ်။

မေး - ဒီတခါတော့ ကိုယ်ရေး ကိုယ်တာ မေးခွန်းလေး မေးခွင့်ပြုပါ။ မြန်မာပြည်မှာ သံ အမတ်ကြီးရဲ့ အအောင်မြင်ဆုံး လုပ်ဆောင်မှုက ဘာပါလဲ။

ဖြေ - ရိုးရိုး သားသား ပြောရ ရင် ကျွန်တော် ကိုယ် ကျွန်တော် တော့ အဲဒီလိုမျိုး ထင်ထားတာ မရှိပါ ဘူးဗျာ ဒီကို ရောက်နေပြီး အခြေအနေ တွေ ကို မြင်ရတာ ကတော့ တကယ် အခွင့်ရေး ကောင်း ပါ ဒီကလူတွေရဲ့ စွမ်းဆောင်မှုတွေ ကို အားရပါတယ် ရွေးကောက်ပွဲ ဖြစ်လာတာ အမေရိကန် သမ္မတ အိုဘားမား ဒီကို နှစ်ခေါက် ရောက်လာတာ နိုင်ငံ ခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ရောက်လာတာတွေ ကတော့ အထူး အမှတ်ရ စရာပါဘဲ ပြီးတော့ ခရီးတွေ သွားပြီး လူတွေနဲ့ ဒီဒေသက အံဩ ဂုဏ်ယူ စရာတွေ တွေ့ရ တာတွေ ကိုတော့ ကျွန်တော် အမှတ်ရ နေမှာပါ။

မေး - သံအမတ်ကြီး ဆောင်ရွက်မှု တွေမှာ နောင်တ ရတယ်ဆိုတဲ့ အချက်တွေ ရောရှိပါသလား ရှိခဲ့တယ်ဆိုရင် အဲဒီ လုပ်ရပ် အစား ဘယ်လိုမျိုး ဆောင်ရွက် ချင်စိတ် ရှိပါသလဲ။

ဖြေ - အဲဒီ လိုမျိုး ပြန်ပြီး ဆောင်ရွတ်ဖို့ ဆိုတာထက် ကျွန်တော် မလုပ်ခဲ့ရင် အကောင်း သားဆိုတာ မျိုးတော့ ရှိပါတယ် ပြန် စဉ်းစားရင် ကျွန်တော် အမှားလေးတွေ ရှိခဲ့ တယ်လို့ လူတွေက မြင်ကြ ပေမယ့် ကျွန်တော် ကို ကျွန်တော် နောင်တ ရနေတာ မျိုးတော့ မရှိပါ ဘူး။ ကျွန်တော် အကောင်းဆုံး ဖြစ်အောင် ကြိုးစားခဲ့ ပါတယ်။ နားထောင် ခဲ့တယ် လေ့လာ သင်ယူခဲ့ ပါတယ်။ အတော် အတန် သိသလို မသိတာ တွေလည်း အများကြီး ပါဘဲ ဒီနိုင်ငံ မှာ မတူ ကွဲ ပြားမှုတွေ အများ ကြီးရှိပါတယ်

မေး - သံမတ် ကြီးဟာ မြန်မာနိုင်ငံ ရဲ့ သမိုင်းဝင် ပြောင်းလဲရေး အချိန်မှာ ရောက်လာတယ် ၃ နှစ်ခွဲ လောက်လည်း ဒီမှာ ရှိနေခဲ့တယ်။ မြန်မာ ပြုပြင် ပြောင်းလဲရေး ဟာ ဘယ်အထိ ခရီးပေါက်ခဲ့ပြီးလဲ။

ဖြေ - ဒီဟာ ကတော့ တစ်ဆင့်ပြီး တစ်ဆင့် သွားရမှာဘဲ လူတွေရဲ့ စိတ်နေ စိတ်ထားတွေ ပြောင်း လဲ ဖို့ လိုမယ် ဒီက လူတွေက ထိလွယ် ရှလွယ် ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် မ ယုံကြ ဘူး။ တစ်ယောက် နိုင်ရင် တစ်ယောက်က တော့ရှုံးတယ် လို့ထင်ကြတယ်။ ဒီ နိုင်ငံ က လူတွေ ဘယ်လူ မျိုး ဘဲ ဖြစ် ဖြစ် ဘယ်ဘာသာ ဘဲ ဖြစ် ဖြစ် တိုင်းပြည်တစ်ခု ထဲက လူတွေပါ။ ဘုံရည်မှန်းချက် တစ်ခု ရှိဖို့ လိုပါတယ်။ ဒါမှ ရှေ့ကိုဆက် ပြီး မယုံကြည်မှုတွေ ကို အဆုံးသတ် ပြီး တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ် လာ နိုင်မှာ ဖြစ်ပါတယ်။

မေး - ကျွန်တော် လာမယ့် အစိုးရသစ် အကြောင်း နည်းနည်း မေးပါရစေ။ လာမယ့် အစိုးရသစ် အတွက် အကြီးမားဆုံး စိန် ခေါ် မှုက ဘာဖြစ်မလဲ။

ဖြေ - စိန်ခေါ်မှုတွေ ကတော့ အတူတူ ပါဘဲ အရင် အစိုးရ လိုပါပဲ ဘာမှ ပြောင်း လဲ မှာ မဟုတ်ပါ ဘူး ရွေးကောက်ပွဲ တစ်ခု တည်းနဲ့ တိုင်းပြည်က ပြဿနာတွေ အားလုံး ကို ဖြေရှင်းလို့ မရ ပါ ဘူး။ လွတ်လပ်ရေး ရပြီးတည်းက မငြိမ်းချမ်း သေးတဲ့ မြန်မာ နိုင်ငံ အတွက် ငြိမ်းချမ်းရေး လိုပါတယ်။ ဖွံဖြိုးတို့ တက်ဖို့ လိုပါတယ်။ လူတွေရဲ့ စွမ်းဆောင်ရည်တွေ နဲ့ ပတ်သတ်ပြီး ကျန်းမာရေး ပညာရေး အပိုင်းတွေလည်း လုပ်ဖို့ လိုပါတယ်။ ရခိုင်က ပြဿနာလည်း ရှိတယ် စိန်ခေါ် မှုတွေ ကတော့ အများကြီးပဲ ရင်ဆိုင်ရမှာပါ။

မေး - အမေရိကန်က မြန်မာ စစ်တပ်နဲ့ လည်း တွေ့ဆုံ ဆွေးနွေး တာတွေ ရှိတယ် နှစ်နိုင်ငံ စစ်တပ်ကြား ဘယ်လို ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိပါသလဲ။

ဖြေ - ကျွန်တော် စစ်ရေး ဆက်ဆံရေး အရမ်းကို သတိထားပြီး ဒီဟာကို ဆောင်ရွက် ပါတယ် နှစ်နိုင်ငံ စစ်တပ်က အနေဝေး နေတာ ကြာပြီ ကျွန်တော် တို့ ဘာတွေ စဉ်းစားတယ် ဆိုတာ သိဖို့ လိုသလို သူတို့ ဘာတွေ စဉ်းစားနေတယ် ဆိုတာလည်း သိဖို့ လိုပါတယ်။ အရပ်သားတွေ မသိတာကို အချင်းချင်း ပြောပြီး နားလည်လို့ ရတယ်။ ဒါပေမယ့် ကျွန်တော် တို့ ကူတာက အရပ်သား အစိုးရ အုပ်ချုပ် တဲ့အချိန်မှာ တပ် အနေနဲ့ တာဝန်ခံ ဖို့ ပွင့်လင်း မြင်သာမှု ရှိဖို့တွေ ကို ဘယ်လို လုပ် ရမယ် ဆိုတာရယ် ဒီမိုကရေစီစနစ် ကို ဘယ်လို ကျင့်သုံးဖို့ လိုတယ် ဆိုတာ တွေပါ မြန်မာ စစ်တပ် ကလည်း ဒါကို ပြောဆို ဆွေးနွေး ချင်မှာ ဖြစ်သလို အမေရိကန် ဘက်က လည်း ဒီ အတွေ့ကြုံတွေ ကို ဝေမျှဖို့တွေ ရှိ နေပါတယ်။

မေး - အခု လို ပြန်ရမယ့် အချိန်မှာ ဘယ်အချက် က သံအမတ်ကြီး အတွက် မြန်မာ ပြည်ကို အလွမ်းဆုံး ဖြစ်စေ မလဲ။

ဖြေ - ကျွန်တော် ဒီက လူတွေရဲ နွေးထွေးမှု စေတနာ ထားမှုတွေ ကို သတိ ရနေမှာပါ။ ဒါတွေဟာ ဝါရှင်တန်မှာမ ရနိုင်ပါ ဘူး ကျွန်တော် နဲ့ ကျွန်တော့် ဇနီး ဒီက ပြန်သွား ပေမယ့် မြန်မာ ပြည် ကတော့ ကျွန်တော်တို့ စိတ်ထဲမှာ အမြဲ ရှိနေ မှာပါ။ ကျွန်တော် ဒီ နိုင်ငံ အရေး အတွက် ဘယ်လို အကူညီ ပေးရမယ် ဆိုတာ တွေးပြီး အသင့် ရှိနေ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ