အစိုးရသစ်ကို ဘယ်လိုဖွဲ့မလဲ

  • 3 မတ် 2016
Parliament ဓာတ်ပုံ မူပိုင် bbc
Image caption သမ္မတသစ်ကို လွှတ်တော်က ရွေးချယ်ပြီး နောက် အစိုးရသစ် ပေါ်ထွက်လာတော့မယ်

မကြာခင်ရက်ပိုင်းအတွင်းမှာ သမ္မတအသစ်ကို ရွေးချယ် တင်မြှောက် ပါတော့မယ်။

သမ္မတသစ်က အစိုးရသစ်ကို ဖွဲ့စည်းတဲ့အခါ ပြည်နယ်ဝန်ကြီးချုပ်တွေကိုလည်း ခန့် အပ်မှာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပြည်နယ်တွေမှာ သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးတွေကို ဝန်ကြီးချုပ် အဖြစ် ခန့်ထားဖို့ မူဝါဒ ချမှတ်ထားတယ်လို့ ပါတီ ဗဟိုအလုပ် အမှုဆောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ် နေရာ အတွက်ကိုတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က သူတို့ပါတီကလူကို ခန့်ထားဖို့ တောင်းဆိုထားတယ်လို့ SNLD အတွင်းရေးမှူး စိုင်းညွန့်လွင်က ပြောပါတယ်။ ရခိုင်ပြည်နယ်မှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလူကိုသာ ခန့်ထားမယ်လို့ သတင်းထွက်ပေါ်ပါတယ်။

အစိုးရအဖွဲ့ကို ပြန်လည် ဖွဲ့စည်းရာမှာ ၀န်ကြီးဌာနတွေကိုလည်း တချို့ဖျက်ပြီး တချို့ ပူးပေါင်းတာတွေ လုပ်မယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ သမ္မတရုံး ဝန်ကြီး ဌာနချည်းပဲ ၆ ခုရှိတဲ့အတွက် ဖျက်တာ ပေါင်းတာတွေ လုပ်နိုင်တယ်လို့ သုံးသပ်သူတွေက ခန့်မှန်းကြပါတယ်။

ပြန်ကြားရေး ဝန်ကြီးဌာန၊ သမဝါယမ ဝန်ကြီးဌာန၊ အားကစား ဝန်ကြီးဌာန တို့လည်း အပြောင်းအလဲ ရှိနိုင်ပါတယ်။

လက်ရှိ ဝန်ကြီးဌာန ၃၆ ခုရှိတဲ့အနက် ဝန်ကြီးဌာန ၂၀ ကျော်လောက် အဖြစ် ပြောင်းလဲ ဖွဲ့စည်းမယ်လို့လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ကြေညာထားပြီး ဖြစ်ပါတယ်။