အစိုးရတပ် ကားတန်းကို တိုက်ခိုက်လို့ လူ ၃၀ ကျော် သေသွားတယ်လို့ ရခိုင်တပ် ပြော

_arakan_army_
Image caption အေအ လက်နက်ကိုင် တပ်နဲ့ ဆက်စပ်မှု ရှိတယ် ဆိုတဲ့ စွပ်စွဲမှု နဲ့ အဖမ်းဆီး ခံထားရ သူတွေ ရခိုင် ပြည်နယ် ထဲမှာ အယောက် ၅၀ ကျော် ရှိနေပြီ။

မတ်လ ၄ ရက် သောကြာနေ့ ညနေပိုင်းက ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ် ထဲမှာ အစိုးရ စစ်တပ် ရဲ့ ကားတန်းကို ရခိုင် လက်နက်ကိုင် အေအေတပ် က ဆီးကြို တိုက်ခိုက် ခဲ့ပြီး တိုက်ပွဲ ၃ နာရီ ဝန်းကျင် ဖြစ်ပေါ် ခဲ့တယ် လို့ အေအေ တပ်ဘက် က ပြောပါတယ်။

အစိုးရ စစ်တပ် ဘက်က လူ အယောက် ၃၀ ကျော် သေဆုံး ခဲ့တာမှာ ဒုတပ်ရင်းမှုး အဆင့် တစ်ယောက် လည်း ပါဝင် တယ် ဆိုပြီး အေအေ ဘက်က ပြောပေမယ့် အစိုးရ စစ်တပ် ဘက်က အတည်ပြု ချက် တော့ မရရှိ သေးပါဘူး။

မတ်လ ၁ ရက်နေ့ က စပြီး နှစ်ဘက် ထိတွေ့ ပစ်ခတ်မှု တွေ ဆက်တိုက် ဖြစ်နေခဲ့တယ် လို့လည်း အေအေပြောခွင့်ရ ဦးခိုင်သုခ က ဆိုပါတယ်။

တခါ၊ အေအ လက်နက်ကိုင် တပ်နဲ့ ဆက်စပ်မှု ရှိတယ် ဆိုတဲ့ စွပ်စွဲမှု နဲ့ အဖမ်းဆီး ခံထားရ သူတွေ ရခိုင် ပြည်နယ် ထဲမှာ အယောက် ၅၀ ကျော် ရှိနေပြီ လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

အဲဒီ့ ထဲက တချို့လည်း ထောင်ဒဏ် တွေ ချမှတ် ခံခဲ့ ရတာ မှာ ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ ဘူသီးတောင် မြို့နယ် တရားရုံး ကနေ လူ ၄ ဦး ကို မတရားသင်း အက်ဥပဒေ နဲ့ ထောင် ၃ နှစ် ချ ခဲ့ ပါတယ်။

စစ်တွေ နဲ့ ကျောက်တော် မြို့ တရားရုံး တွေ မှာလည်း ဒါဇင် နဲ့ ချီ တဲ့ လူတွေ ကို ရုံးထုတ် နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ