RCSS/SSA သတင်းစာရှင်းပွဲလုပ်

Image caption တအာန်း ပလောင် TNLA နဲ့ တိုက်ပွဲတွေရပ်ဖို့လည်း မျှော်လင့် နေပြီး နှစ်ဦးနှစ်ဘက် တွေ့ဆုံ ဆွေးနွေးဖို့ကိုလည်း တိုက်တွန်း သွားမယ်

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ရှမ်းပြည် တပ်မတော် တောင်ပိုင်း RCSS/SSA အနေနဲ့ NLD အစိုးရသစ် လက်ထက်မှာ ငြိမ်းချမ်းရေးကိစ္စတွေနဲ့ ဖက်ဒရယ်စနစ်ထူထောင်ဖို့ လုပ်ဆောင်မယ်လို့ ပြောပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်နေမှု အစိုးရအပြောင်းအလဲ နဲ့ အနာဂတ်နိုင်ငံရေး ကိစ္စအခြေအနေတွေနဲ့ ပတ်သက်လို့ RCSS/SSA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က မတ်လ ၅ ရက်နေ့ မှာလုပ်တဲ့ ရန်ကုန်ကသတင်းစာရှင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

ဖက်ဒရယ် ရဲ့ အနှစ်သာရ ကို တဆင့်ပြီးတဆင့် ရရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ရှမ်းပြည်မှာ အပစ်ရပ် လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ တိုက်ခိုက် နေတာတွေ ရှိနေသေးပြီး အစိုးရသစ်တက်လာတဲ့ အခါမှာ အပစ်ရပ် လက်မှတ်ထိုး ရေး လုပ်ဆောင် နိုင်ဖို့ မျှော်လင့် ထားတယ်လို့ ပြောပါတယ်။

တအာန်း ပလောင် TNLA နဲ့ တိုက်ပွဲတွေရပ်ဖို့လည်း မျှော်လင့် နေပြီး နှစ်ဦးနှစ်ဘက် တွေ့ဆုံ ဆွေးနွေးဖို့ကိုလည်း တိုက်တွန်း သွားမယ်လို့ ပြောပါတယ်။

RCSS/SSA တပ်တွေ ဘက်ကနေ အစိုးရ စစ်တပ်က ဝင်ရောက် တိုက်ခိုက် ပေး နေတယ်ဆိုတဲ့ ကိစ္စတွေကို ငြင်းပယ် ခဲ့ပြီး လက်နက်ကိုင် တော်လှန်းရေး အဖွဲ့အချင်းချင်း တိုက်ဖို့ စိတ်ကူး မရှိဘူးလို့ ပြောပါတယ်။

တိုင်းနဲ့ပြည်နယ်တွေမှာ ဝန်းကြီးချုပ်ရာထူး တွေ ခန့်အပ် နေတာနဲ့ ပတ်သက်လို့ ပြည်နယ်မှာ နေထိုင် သူတွေကို ဦးစား ပေးသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ